Monday, August 15, 2016

တောင်ကြီးတက္ကသိုလ် ပအိုဝ်းကျောင်းသား/သူများမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ပအိုဝ်းကျောင်းသူ/သားများ သမဂ္ဂအဖွဲ့ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်






တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း(ဒဲဉ်သီးဗွေ) ခန်းမ၌ ၂၀၁၆၊ သြဂုတ်လ(၁၄)ရက်၊ မနက်(၁၁)နာရီအချိန်တွင် တောင်ကြီးတက္ကသိုလ် ပအိုဝ်းကျောင်းသား/သူများအဖွဲ့မှ မြန်မာနိုင်ငံလုံးဆိုင်ရာ ပအိုဝ်းကျောင်းသူ/သားများ သမဂ္ဂအဖွဲ့ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ခွန်တီးဗွာမှ မြန်မာနိုင်ငံလုံးဆိုင်ရာ ပအိုဝ်းတက္ကသိုလ်ကျောင်းသူ/သားများ သမဂ္ဂအဖွဲ့၏ ဖွဲ့စည်းရခြင်းအကြောင်းအရင်းရည်ရွယ်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အရာများကို ဆွေးနွေးခြင်းများ ပြုလုပ်ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား/သူများမှလည်း မိမိသိလိုသည့်အချက်များနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ဤဂုဏ်ပြုပွဲသို့ တောင်ကြီးတက္ကသိုလ်မှ ပအိုဝ်းကျောင်းသား/သူများ (၁၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။ ခွန်တီးဗွာနှင့်အဖွဲ့သည် နေ့လည်(၂း၃၀)အချိန်  နည်းပညာတက္ကသိုလ်မှ ပအိုဝ်းကျောင်းသား/သူများနှင့်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.