Wednesday, August 24, 2016

မူးယစ်ဆေးဝါး ပပျောက်ရေးအသိပညားပေး ဟောပြောပွဲ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်







၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်၊ အင်္ဂါနေ့၊ နံနက် (၁၀း၃၀) အချိန်တွင် ညောင်ရွှေမြို့နယ်၊ လွယ်ခေါ် ကျေးရွာအုပ်စု၊ လွယ်ခေါ်ကျေးရွာတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ (PNO) အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ ဦးစီးဦးဆောင်ပြီး လွယ်ခေါ်ဘုန်းတော်ကြီးကျောင်းတွင် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညားပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ အခမ်းအနားကို အထူးဒေသ(၆) မြင့်မိုရ်တိုင်းဥက္ကဌ ဖြားဆရားခေါင်၊ ပအိုဝ်းအမျိုသား တပ်မတော် (PNA) ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ခမ်း၊ ပအိုဝ်းအမျိုးသား တပ်မတော် (PNA) အထူးတပ်ရင်း (ဒုတပ်ရင်းမှူး) ဗိုလ်မှူးမောင်ဟိန်၊  အထူးဒေသ(၆) ကန်တော်ကြီးမြို့နယ် မြို့နယ်ဥက္ကဋ္ဌဦးခွန်ယွန်းတို့သည် မူးယစ်ဆေးဝါးပပျောက်ရေးအကြောင်းကို အကျယ်တ၀င့်ရှင်းလင်းဟောပြောပေးခဲ့ပြီး  ဒေသခံပြည်သူလူထုကိုယ်စားဆရာယီမှ ကျေးဇူးတင် စကားဟောပြောပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး
Powered by Blogger.