Wednesday, August 24, 2016

မူးယစ်ဆေးဝါး ပပျောက်ရေးအသိပညားပေး ဟောပြောပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ် ၊ သြဂုတ်လ (၂၄) ရက်







၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၁၀း၃၀) အချိန်တွင် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ နောင်ကားကျေးရွာအုပ်စု၊ ထမ်းဘုရားဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ (PNO) အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ ဦးစီးဦးဆောင်ပြီး မူးယစ်ဆေးဝါးပပျောက်ရေး အသိပညားပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အစီအစဉ်အရ ထမ်းဘုရားဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်းနှင့် သြ၀ါဒ စကားခံယူပြီး အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်ပြီး ပအိုဝ်းအမျိုးသားတပ်မတော် ဗဟိုစစ် ကော်မတီ ဦးခွန်ချစ်မောင်၊ အထူးဒေသ(၆) မြင့်မိုရ်တိုင်း ဥက္ကဌ ဖြားဆရားခေါင်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) တွဲဖက်ကွပ်ကဲရေးမှူး(၁) ဒု-ဗိုလ်မှူးခွန်အောင်သန်း၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ခမ်း၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အထူးတပ်ရင်း ဒု-တပ်ရင်း မှူး ဗိုလ်မှူးမောင်ဟိန်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ဗဟိုလုံခြုံရေး ဗိုလ်ကြီးခွန်သန်းကြွယ်၊ အထူးဒေသ(၆) ကန်တော်ကြီးမြို့နယ် မြို့နယ်ဥက္ကဋ္ဌ ဦးခွန်ယွန်းတို့သည် မူးယစ်ဆေးဝါး၏သမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ဥပဒေများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရန် မည်သို့လုပ်ဆောင်ရမည်ကို ပြောကြားခဲ့ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူသတ်မှုများဖြစ်ပေါ်လာခြင်း၊ မုဒိန်းမှုများ ဖြစ်ပေါ်လာခြင်း စသည်များကို ကြုံတွေ့ခဲ့ရပါသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများကို မူးယစ်ဆေးဖြတ်နိုင်ရန်အတွက် သုံးစွဲသူများစုဆောင်းပြီး ဆီဆိုင်မြို့နယ်၊ အောင်ဆုဗွေစခန်းတွင် တိုင်းရင်းဆေးဆရာများနှင့် ကျွမ်းကျင်သည့်ဆရာဝန်များ ပူးပေါင်းပြီး ကုသပေးမည်ဖြစ်ကြောင်း အကျယ်တ၀င့်တင်ပြ ဆွေးနွေးခဲ့ပါသည်။  ဒေသခံပြည်သူလူထုကိုယ်စား ဆရာခွန်မောင်သည်လည်း အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.