Tuesday, August 23, 2016

အဂတိဟူသည်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်

 

“ အဂတိ ” ဆိုသည်မှာ ယခုခေတ်အဆို လာဘ်စားခြင်းဖြစ်သည်။ ယခုတက်လာသည့်အစိုးရလက်ထက်တွင် အဂတိတိုက်ဖျက်ရေးကို ထိထိရောက်ရောက် ကိုင်တွယ်မည်ဟုဆိုထားပါသည်။ သို့သော် လွယ်ကူပါမည်လော၊ အမြစ်တွယ်နေသည့် အကျင့်များဖျောက်ဖျက်ရန်ဆိုသည်မှာ တော်ရုံတန်ရုံ ဆောင်ရွက်နေရုံနှင့်မရပါ။ ယူသူ ပေးသူ နှစ်ဦးစလုံး ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်မှသာ အမြစ်မပြတ်သည့်တိုင် လာဘ်စားမှုများ လျော့ကျသွားနိုင်ပါသည်။
ကြီးမားသော လာဘ်စားမှုများကို တရုတ်နိုင်ငံနည်းတူ ပြစ်ဒဏ်များ ကျင့်သုံးမည်ဆိုလျင်လည်း လက်ကြီးများ လျော့ကျသွားနိုင်ပါသည်။ မည်သည့်နည်းဖြင့် အဂတိများ လိုက်စားနေသည်ဖြစ်စေ အဂတိအမျိုးအစားထဲက တစ်မျိုးမျိုးဖြင့် အများပိုင်ပစ္စည်းများကို ရယူသုံးစွဲခြင်းသည်လည်း အဂတိထဲတွင် ပါဝင်နေမည်ဖြစ်သည်။
အဂတိအမျိုးအစားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံတကာပွင့်လင်းမြင်သာရေးအဖွဲ့မှ ထုတ်ဖေါ်ပြောထားသော အဂတိများမှာ -
၁။ ၀န်ဆောင်မှုပေးရန် ငြင်းဆန်ခြင်း
ဝန်ဆောင်မှုပေးရန် ငြင်းဆန်ခြင်းဆိုသည်မှာ  အစိုးရ၀န်ထမ်းများသည် ပြည်သူ့ထံမှ အခွန်တော်ဖြစ်သည့် လခ ငွေကြေးများရယူပြီး ပြည်သူ့အတွက် ပြည်သူ့ကုန်စည်စသည့် ၀န်ဆောင်ပေးမှုများ လုပ်ဆောင်ရန်ငြင်းဆန် နေပါက ထိုသူသည် အဂတိလိုက်စားသည်လည်းမည်ပါသည်။
၂။ အရှိန်အ၀ါသုံးကာ ငွေကြေး သို့မဟုတ် အခွင့်အရေးယူခြင်း
အရှိန်အ၀ါသုံးကာ ငွေကြေး သို့မဟုတ် အခွင့်အရေးယူခြင်းသည် စစ်အစိုးရလက်ထက်တွင် တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေကြသည့် အဂတိအမျိုးအစားတခုဖြစ်သည်။ အရှိန်အ၀ါဆိုသည်မှာ ရာထူး၊ ဥစ္စာ၊ ပညာ တမျိုးမျိုးဖြင့် ငွေကြေး သို့မဟုတ် အခွင့်အရေးယူခြင်းများသည်လည်း အဂတိလိုက်စားသည်မည်ပါသည်။
၃။ ဆွေစဉ်မျိုးဆက် ကောင်းစားရန် လုပ်ဆောင်ခြင်း
အများပိုင် ပစ္စည်းဥစ္စာများကို ဆွေစဉ်မျိုးဆက်ကောင်းစားအောင် လုပ်ခြင်းသည်လည်း အဂတိလိုက်စားသည်မည်ပါသည်။
၎။ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ခြင်း
လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ပြုလုပ်ခြင်းသည်လည်း အဂတိလိုက်စားခြင်းပင်ဖြစ်သည်။
၅။ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း
ခြိမ်းခြောက်၍ ငွေညှစ်ခြင်းသည်လည်း အဂတိအမျိုးအစားထဲတွင် တစ်ခုဖြစ်ပါသည်။  မည်သည့်နည်းနှင့်မဆို သူတစ်ပါးမပေးလိုသည်ကို ခြိမ်းခြောက်ကာ ငွေညှစ်ခြင်းသည်လည်း အဂတိလိုက်စားခြင်းပင်ဖြစ်သည်။
၆။ အရင်းအမြစ်များကို တလွဲအသုံးပြုခြင်း
အရင်းအမြစ်များကို တလွဲအသုံးပြုခြင်းဆိုသည်မှာ ငွေရေးကြေးရေးအရင်းအမြစ်များ၊ သဘာဝသယံဇာတများ စသည့် အရင်းအမြစ်များကို သုံးသင့်သည့်နေရာမသုံးပဲ သုံးခြင်းသည်လည်း အဂတိပင်ဖြစ်သည်။
၇။ အဖွဲ့အစည်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး အဖွဲ့ပိုင်ပစ္စည်းများကို သိမ်းယူခြင်း
အဖွဲ့အစည်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီး အဖွဲ့ပိုင်ပစ္စည်းများကို သိမ်းယူခြင်းသည်လည်း အဂတိပင်ဖြစ်သည်။
၈။ ပြည်သူပိုင်ပစ္စည်း ပိုင်ဆိုင်မှုများ ၀ယ်ယူရာတွင် ငွေအလွဲသုံးစားမှုပြုခြင်း
ပြည်သူပိုင်ငွေဖြင့် ပြည်သူပိုင်ပစ္စည်း ပိုင်ဆိုင်မှုများ ၀ယ်ယူရာတွင် ၀ယ်သင့်ဝယ်ထိုက်သည့်အရင်းအမြစ်ပစ္စည်းများကို မ၀ယ်ပဲ တခြားပစ္စည်းများကို ၀ယ်ယူခြင်းသည်လည်း အဂတိပင်ဖြစ်သည်။
၉။ မရိုးမသားသော အထောက်အထားဖြင့် ငွေတောင်းခံခြင်း
မရိုးမသားသော အထောက်အထားဖြင့် ငွေတောင်းခံခြင်းသည်လည်း အဂတိပင်ဖြစ်သည်။
၁၀။ လာဘ်ယူခြင်း ၊ လာဘ်ပေးခြင်း
လာဘ်ပေးခြင်း ၊ လာဘ်ယူခြင်းသည်လည်း အဂတိပင်ဖြစ်သည်။
၁၁။ အဂတိလိုက်စားခြင်း
ချစ်ခြင်း၊ မုန်းခြင်း၊ ကြောက်ခြင်း၊ တွေဝေခြင်းကြောင့် အဂတိလိုက်စားခြင်းသည်လည်း အဂတိပင်ဖြစ်သည်။
ထို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ရာတွင် အဂတိလိုက်စားခြင်းများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်မှသာ အဂတိလိုက်စားမှုများ လျော့ကျလာနိုင်မည်ဖြစ်သည်။
တစ်ဦးချင်းအနေဖြင့် အဂတိအမျိုးအစားများကို သိရှိနားလည်ပြီး နားလည်လိုက်နာအောင်နည်းမျိုးစုံဖြင့် ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

ခွန်ဗန်ထို - ပေါမူခမ်း
Powered by Blogger.