Monday, August 22, 2016

မူးယစ်ဆေးဝါး ပပျောက်ရေးအသိပညားပေး ဟောပြောပွဲ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်







၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်၊ ကျောက်တလုံကြီးမြို့နယ်၊ ကက္တူကျေးရွာအုပ်စု၊ ဆောင်းဖိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ (PNO) အသွင်ပြောင်းပြည်သူစစ်ဌာနေအဖွဲ့မှ ဦးစီးဦးဆောင်၍ မူးယစ်ဆေးဝါးပပျောက်ရေး အသိပညားပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ  ရတနာသုံးပါး ဦးထိပ်ထား၍ ဆောင်းဖိုးဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်ထံမှ သြ၀ါဒနှင့် ငါပါးသီလခံယူပြီး ဆောင်းဖိုးကျေးရွာဒေသခံ ရပ်မိရပ်ဖကိုယ်စား ဦးမောင်ခွန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်  ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဗဟိုစစ်ကော်မတီ ဦးခွန်ချစ်မောင်၊ အထူဒေသ(၆) မြင့်မိုရ်တိုင်း ဥက္ကဌ ဦးခွန်ဆရားခေါင်၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဗဟိုကောမတီတွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်ကျော်ခမ်း၊ ပအိုဝ်းအမျိုသားတပ်မတော်(PNA) အထူးတပ်ရင်း ဗိုလ်မှူးမောင်ဟိန်၊ ပအိုဝ်းအမျိုသား တပ်မတော်(PNA) ဗဟိုလုံခြုံရေး   ဗိုလ်ကြီးခွန်သန်းကြွယ်၊ အထူဒေသ(၆) ကန်တော်ကြီးမြို့နယ် မြို့နယ် ဥက္ကဌ ဦးခွန်ယွန်း တို့မှ မူးယစ်ဆေးဝါသည် အသံတိတ်လက်နက်ဖြစ်ကြောင်း၊ မူယစ်ဆေးဝါးပေါ်ပေါက်လာခဲ့သည့် သမိုင်းကြောင်း၊ မူယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ဥပဒေများ၊ မူယစ်ဆေးဝါးပပျောက်ရန် မည်သို့လုပ်ဆောင်ရန် စသည့်အချက်အလက်များကို ရှင်းလင်တင်ပြဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.