Friday, August 26, 2016

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီး(၅)ဦးနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်





၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၆)ရက်၊ သောကြာနေ့၊ မွန်းလွှဲ(၁း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီး(၅)ဦှးနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က အဖွင်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်နှင့်မှ ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲအကြောင်း ပြောကြားရာတွင် ပြောင်းလဲချိန်တန်ပြီ ဆိုသောစကားအတိုင်း အမှန်တကယ်ပြောင်းလဲရန်လိုအပ်နေပါကြောင်း၊ လျှပ်စစ်ဆိုသည့်ဌာနများသည် နိုင်ငံတိုင်းနိုင်ငံတိုင်း အရေးကြီးဆုံးသော ကဏ္ဍတစ်ခုဖြစ်ပြီး လျှပ်စစ်လုံလောက်စွာရရှိမှသာလျှင် တိုင်းပြည်တိုးတက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်နှင့် ပတ်သက်၍ ၃၀% များသာရရှိပြီး ၇၀% မရရှိသေးသည်ကို မြင်တွေ့နေရပါကြောင်း ပြောကြားခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တို့သည် ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်သောအကြောင်းအရာများ ကျင်းပရခြင်းရည်ရွယ်ချက်မှာ ပြည်သူလူထုမျာ၏အသံ၊ ဆန္ဒ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဟူသော ရည်ရွယ်ချက်များဖြင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော NGO အသင်းအဖွဲ့များနှင့် တက်ရောက်လာကြသော မြို့မိမြို့ဖများ မိမိတင်ပြလိုသော အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ပါကြောင်းသိရှိရပါသည်။ ထိုအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ စက်မှုလက်မှုဝန်ကြီး ဦးဆွေသိန်း စသည့်တာဝန်ရှိပုဂ္ဂိုလ်များ၊ NGO အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ပြီး တက်ရောက်သူဦးရေ (၂၀၀)ခန့် ရှိကြောင်း သတင်းရရှိပါသည်။

နန်းဆားတဲုင်


Powered by Blogger.