Friday, August 19, 2016

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်




ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ကျက်သရေဆောင်ရွှေဘုန်းပွင့်ဘုရားကြီးအား ဦးထပ်ထားလျှက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၈) ရက်နေ့ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ နိုင်ငံတော်ဘာသာနေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပလာခဲ့ကြသည်မှာ (၄၈)ကြိမ်မြောက်ပြီ ဖြစ်ကြောင်းသိရှိရပါသည်။
၎င်းဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တောင်ကြီးမြို့နယ်မှ ကျောင်းပေါင်း (၉၀)ကျော် ပင့်သံဃာတော် (၁၃၇၈) ပါးသည် ပထမတောင်ကျောင်းကြီးတွင် ကျောင်းတိုက်အလိုက် မဲနှိုက်ဆုံးဖြတ်ပြီး မူလမင်းကွန်း
ပရိယတ္တိစာသင် တိုက်အထိ ကြွရောက်အလှူခံကာ မြို့မိမြို့ဖနှင့်တကွ ဌာနဆိုင်ရာအလှူဒါယကာ၊ အလှူဒါယိကာမ မဏ္ဍပ်ပေါင်း (၅၀)ကျော်နှင့် ဆန်အိတ်ပေါင်း (၁၃၀၀)ကျော်တို့ကိုစေတနာရှင် အလှူရှင်များက သဒ္ဒါတရားထက်သန်စွာ စုပေါင်း၍လှူဒါန်းကြကြောင်းသတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.