Thursday, August 11, 2016

ဘဏ္ဍာရေး/ငွေစာရင်း မှတ်တမ်းထိန်းသိမ်းခြင်းဆိုင်ရာသင်တန်း ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်





တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမတွင် ကနေဒါ အလှူရှင်တို့၏ ပံ့ပိုးမှုဖြင့် MEDAနှင့် ပါရာမီဖွံ့ဖြိုးရေးကွန်ယက်(PDN)တို့ ပူးပေါင်းအကောင်အထည်ဖော်သော အမျိုးသ္မီးများအတွက် ဈေးကွက် အခွင့်အလမ်းများနှင့် ၀င်ငွေတိုး စီမံကိန်း IMPROVING MARKET OPPORTUNITIES FOR WOMEN PROJECT(IMOW Project) Financial Record Keeping Training. ဘဏ္ဍာရေး/ငွေစာရင်း မှတ်တမ်းထိန်းသိမ်းဆိုင်ရာ သင်တန်းကို(၁၁-၈-၂၀၁၆)မှ (၁၂-၈-၂၀၁၆)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသင်တန်းဖွင့်ပွဲကို ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဒုဥက္ကဌ ဦးခွန်မောင်ဘော်မှ အဖွင့်အမှာစကားပြောကြားရာတွင်-ဒီစာရင်းကိုင်သင်တန်းကို တက်ရောက်သင်ယူကြသော လူတိုင်းသည် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ဖို့ရန်နှင့် ငွေစာရင်းများကို စနစ်တကျ ကိုင်တွယ်နိုင်ရန်အတွက် အခြေခံစာရင်းကိုင် သင်တန်းအနေဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သူတစ်ပါးအကျိုးစီးပွားကို ဆောင်ရွက်ရာတွင်ဖြစ်စေ မိမိအကျိုးစီးပွားအတွက် လုပ်ကိုင်သည်ဖြစ်စေ ငွေစာရင်းဇယားများကို စီမံခန့်ခွဲတတ်ဖို့ အလွန်အရေးအရေးကြီးကြောင်း သင်တန်းသားတိုင်းသည် မည်သည့်အတတ်ပညာမဆို တတ်မြှောက်အောင် သင်ယူကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
 အခြေခံစာရင်းကိုင်ပုံကိုင်နည်းကို ဆရာမ နန်းယဉ်ငြိမ်းအေးမှလည်းကောင်း၊ IMOW Project နှင့်ပတ်သက်ပြီး ဆရာမနန်းအေးသင်းခိုင်တို့မှလည်းကောင်း ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ ၎င်းသင်တန်းကို ထီဖေါင်းတောင်ရွာ၊ အလယ်ရွာ၊ မြောက်ရွာ၊ မောက်ဝေါက်ရွာ၊ ထီဝေါရွာ၊ ပလီလဲင်းရွာ၊ ပင်ငိုရွာနှင့် မူယာရွာမှ ရွာသူရွာသားများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ ဌာနဆိုင်ရာ ၀န်ထမ်းများ တက်ရောက်သင်ယူလျှက်ရှိကြောင်း သိရှိရပါသည်။
အခြေခံစာရင်းကိုင်သင်တန်း၏ ရည်ရွယ်ချက်များမှာ-
၁။ ငွေကြေးများကိုစနစ်တကျ စီမံခန့်ခွဲတတ်ရန်။
၂။ မိမိတို့လုပ်ဆောင် ချက်တိုင်းအတွက် မှတ်တမ်းထားရှိတတ်ရန်။
၃။ မိမိတို့လိုအပ်သော အသုံးစရိတ်များအား လစဉ်အလိုက်သော်လည်းကောင်း၊ နှစ်စဉ်အလိုက် သော်လည်းကောင်း ပြင်ဆင်ရေးဆွဲတတ်ရန်။
၎။ မိမိတို့၏လစဉ်/နှစ်စဉ်ဝင်ငွေစာရင်းများ သိရှိနိုင်ရန်။
၅။မိမိတို့လုပ်ငန်းအတွက် အရှုံးအမြတ်စာရင်းရေးဆွဲတတ်ရန်တို့ ဖြစ်ကြောင်းသိရှိရပြီး၊ IMOW Projectကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.