Tuesday, August 30, 2016

မူးယစ်ဆေးဝါးပပျောက်ရေးအသိပညာပေးဟောပြောနှင့် တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်





၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၁၉)ရက်၊ သောကြာနေ့၊ နံနက် (၁၀း၀၀)အချိန်တွင် ပင်လောင်းမြို့နယ်၊ ပင်ခွန်ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းဒေသတစ်ဝှမ်းလုံး မူးယစ်ဆေးဝါးပပျောက်နိုင်ရန်အတွက် ရည်ရွယ်ပြီး ပအိုဝ်းအမျိုးသားတပ်မတော် (PNA)၊ PNO အသွင်ပြောင်းပြည်သူ့စစ်ဌာနေအဖွဲ့မှ ဦးဆောင်၍ မူးယစ်ဆေးဝါးပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားကို အထူးဒေသ(၆) ပအိုဝ်းအမျိုးသားတပ်မတော် (PNA)  ပင်လောင်းမြို့နယ်၊ စန္တာတိုင်း ဥက္ကဌ ဦးခွန်မောင်တီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ကွပ်ကဲရေးမှူး ဦးခွန်မြင့်အောင်၊ သူရိယတိုင်း ဥက္ကဌ ဦးခွန်လှမြင့်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) တပ်ရင်း(၂) တပ်ရင်းမှူး ဗိုလ်မှူးမတ်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) တွဲဖက်ကွပ်ကဲရေးမှူး (၂) ဦးခွန်လှမောင်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ဗဟိုစစ်ဦးစီးချုပ် ဗိုလ်မှူးဇော်ပျံ တို့သည် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ယနေ့နောက်ဆုံးထား၍ ရောင်းဝယ်သုံးစွဲခွင့်မပြုရန်၊ နောက်ဆုံးရက်သတ်မှတ်ပေးပြီး ရောင်းဝယ်သုံးစွဲသူများရှိနေခဲ့လျှင် ဥပဒေအတိုင်းအရေးယူဆောင်ရွက်ရန်၊ ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်နှင့် မူးယစ်ဥပဒေ တို့ဖြင့်အဆင့်ဆင့်သွန်သင်ဆုံးမရန် လိုက်နာမှုမရှိပါက နောက်ဆုံးအနေဖြင့် နိုင်ငံတော်အစိုးရနှင့်လက်တွှဲပြီး တည်ဆဲဥပဒေဖြင့်အရေးယူပြီးဆုံးမရန် စသည်ဖြင့်ဟောပြောခဲ့ပါသည်။ ထိုအခမ်းအနားကို လူဦးရေ (၃၀၀)ကျော်တက်ရောက်ကြောင်း သတင်းရရှိပါသည်။

နန်းဆားမွံ

Powered by Blogger.