Thursday, August 25, 2016

မြန်မာနိုင်ငံ နှင် ထိုင်းနိုင်ငံ နှစ်နိုင်ငံချစ်ကြည်ရေးကုန်စည်ပြပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်





၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၂၆) ရက်၊ သောကြာနေ့၊ နံနက်(၉း၀၀)အချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အားကစားကွင်း၌ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံချစ်ကြည်ရေးကုန်စည်ပြပွဲကို ကျင်းပပြုလုပ် ကြောင်းသိရှိရပါသည်။
အဆိုပါအခမ်းအနားများကို  ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ၀န်ကြီးဦးစိုးညွှန့်လွင်က အဖွင့်အမှာစကားပြောကြားရာမှာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံကုန်စည်များ အပြန်အလှန်အလားအလာ ရှိသောဈေးကွက်များ ရှာဖွေဖော်ထုတ်ပေးနိုင်သည့် အခွင့်အလမ်းတစ်ရပ်ရရှိမည်ဖြစ်ကြောင်း၊  ကုန်စည်ပြပွဲမှတစ်ဆင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ရင်းနှီးမြှုပ်နှံနိုင်မည့်နည်းလမ်းများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံများသည် ရှေးယခင် နှစ်ပေါင်းများစွာကပင် ချစ်ကြည်ရင်းနှီးမှုရှိပြီး အိမ်နီးချင်းကောင်းနိုင်ငံများဖြင့် နယ်စပ်ချင်း ရှည်လျားစွာ ထိစပ်နေသောနိုင်ငံများဖြစ်ကြောင်း၊ မြန်မာ - ထိုင်း ကုန်သွယ်မှုအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၅.၇) ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၄.၈) ဘီလီယံဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံစီးပွားရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကုန်စည်ပြပွဲများကျင်းပခြင်းတို့သည် နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ပြီး စဉ်ဆက်မပြတ်ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထိုကုန်စည်ပြပွဲများသည် ထိုင်းကုမ္ပဏီ (၂၄) ခုခန့်မှ လတ်ဆတ်သောသစ်သီးများ၊ လူသုံးကုန်များ၊ အလှကုန်များ၊ ဖိနပ်များ၊ စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ပြခန်း(၃၀)ခန့်ဖြင့် အမျိုးစုံလင်စွာ ခင်းကျင်းပြသထားသည်ဖြစ်ကြောင်း၊ အဆိုပါကုန်စည်ပြပွဲများသည် သြဂုတ်လ(၂၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ထိုအခမ်းအနားများကို ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ္ဋ် ၊  ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ၀န်ကြီးဦးစိုးညွှန့်လွင်၊ ရှမ်းပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းရေးနှင့် သစ်တေားရေးရာဝန်ကြီးဌာန ၀န်ကြီးဒေါက်တာညီညီအောင်၊ ရှမ်းပြည်နယ်  ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းဆွမ်ချိုန်း၊ ရှမ်းပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးရွှေသိန်း၊ ထိုင်းနိုင်ငံနိုင်ငံခြားကုန်သွယ်ရေးဌာန၊ ချင်းရိုင်း ခရိုင်ကုန်သည်ကြီးများအသင်း၊ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး၊ ထိုင်းမြန်မာယဉ်ကျေးမှုနှင့် စီးပွားရေးကော်မတီ စသည့်တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများတက်ရောက်ခဲ့ပြီး တက်ရောက်သူဦးရေ (၁၅၀) ခန့်တက် ရောက်ကြောင်းသတင်းရရှိပါသည်။

နန်းဆားတဲုင် 

Powered by Blogger.