Sunday, August 7, 2016

Myanmar Minerva Education Centre(MMEC)မှဦးဆောင်၍ Understanding Democratic Transition in Myanmar သင်တန်းဖွင့်လှစ်ခြင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၇) ရက်



၂၀၁၆-ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့မှ(၅)ရက်နေ့ထိ အမှတ်(၂၉၂/က)၊ ပြည်လမ်း၊ CBCM၊ ရန်ကုန်မြို့တွင် Myanmar Minerva Education Centre(MMEC)မှဦးဆောင်၍ Understanding Democratic Transition in Myanmar သင်တန်းကိုကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းကို - Federalism and Federal Arrangements ၊ Civil – Military Relationship ၊ Leadership and Political Campaigm၊ The Role of Women in Politics ၊ Understanding the Myanmar Peace Process ၊ 21st Century Panglongး Challenges of State and Nation Building နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဘာကြောင့်ဖြစ်ပေါ်လာသလဲ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်လာအောင် ဘာတွေလိုအပ်မလဲ စသည့်ခေါင်းစဉ်များဖြင့်ဆွေးနွေးပို့ချခဲ့ပါသည်။ ဒီမိုကရေစီအပြောင်းအလဲကို ဖြစ်ပေါ်စေသော ထူးထူးခြားခြားပုဂ္ဂိုလ်များအကြောင်းကို အကျယ်တ၀င့်ဖွင့်လှစ်ပြခဲ့ပါသည်။ ထို့အပြင် ဖက်ဒရယ်နိုင်ငံတော်ကိုတည်ဆောက်ရာတွင် သိထားသင့်သည့် Modern States (၅)မျိုး၊ နိုင်ငံရေးပါတီ တစ်ခုကို ဦးဆောင်သူအနေဖြင့် ရှိသင်ရှိထိုက်သည့် အရည်အချင်းများ၊ ရွေးကောက်ပွဲတွင် အနိုင်မရရှိသည့် နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေးကို မည်ကဲ့သို့ပြုလုပ်ရမည်ဟူသော အချက်များ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်များ၊ ငြိမ်းချမ်းရေး၏ကုန်ကျစရိတ်များ၊ စစ်ပွဲ၏ကုန်ကျစရိတ်များ၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအရေးပါပုံများနှင့် ၂၁ ရာစုပင်လုံတွင် နိုင်ငံကိုမည်သည့်ပုံစံတည်ဆောက်ကြမည် ဟူသောခေါင်းစဉ်များကို အသေးစိပ်ဆွေးနွေးခဲ့ကြပါဥည်။  ဦးဆောင်ဆွေးနွေးသူများအနေဖြင့် ဆရာဦးထက်မင်းလွင်၊ ဆရာဦးဝင်းမင်း၊ ဆရာဦးရဲထွဋ်ဝင်း၊ ဒေါက်တာ- ညိုညိုသင်း၊ ဆရာဦးအောင်နိုင်ဦး၊ ဆရာဦးစည်သူအောင်မြင့်နှင့် ဆရာဦးမင်းဇင်တို့က ၎င်းတို့သိရှိသမျှကို ရှင်းလင်းပို့ချ ဦးဆောင်ဆွေးနွေးသွားခဲ့ပြီး သက်ဆိုင်ရာနိုင်ငံရေးပါတီများသည်လည်း သိလိုသမျှမေးခွန်းများကို မေးမြန်းကာ သင်တန်းကာလ(၃)ရက်တာကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းကို ဖိတ်ကြားထားသောနိုင်ငံရေးပါတီများနှင့်အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား များတက်ရောက်ကြရာ နိုင်ငံရေးပါတီစုစုပေါင်း(၂၆)ခုတက်ရောက်လာကာ   တက်ရောက်သူသင်တန်းသား စုစုပေါင်း(၄၄)ဦးရှိကြောင်း သတင်းရရှိပါသည်။  

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,


Powered by Blogger.