တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်
လူသားတိုင်း လူသားတိုင်းသည် မွေးလာကတည်းကပင် ပင်ကိုယ်ဗီဇများနှင့် ပင်ကိုယ် အမူအရာများ ရှိနှင့်ပြီးဖြစ်ပါသည်။ ထို့ကြောင့် လူသားတိုင်းသည် ယဉ်ကျေးမှုရှိခြင်းနှင့် ယဉ်ကျေးမှု မရှိခြင်း စသည့်ပြောဆိုမှုများသည် လူမှုဆက်ဆံရေးဝန်းကျင်တွင် မကြာခဏကြားနေရသည်။ ယဉ် ကျေးခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းကို ကောင်းသည့်ဂုဏ်တစ်ရပ်အနေနှင့် ပြောတတ်ကြသကဲ့သို့ ကြမ်းတမ်းခြင်း၊ ရိုင်းစိုင်းခြင်းကို မနှစ်မြို့ဖွယ်အနေနှင့် ပြောကြားတတ်ကြသည်။ ယဉ်ကျေးဖွယ်ရာ ရှိခြင်းသည် ကိုယ်နှုတ်နှလုံးသုံးပါးနှင့်ဆိုင်သည့် အပြုအမူ၊ အမူအရာဟု ဆိုနိုင်သည်။
ယဉ်ကျေးခြင်းသည် လူသားတိုင်းနှစ်လိုမှုရှိသည့် အပြုအမူဖြစ်သည့်အတွက် ယဉ်ကျေးဖွယ်ရာ ရှိအောင် အားထုတ်ရာမှာ အချို့သည်လိုအပ်သည်ထက်ပိုကြသည့်အတွက် ဟန်ဆောင်မှု ဆီသို့ ဦးတည်သွားတတ်ကြသည်။ ယဉ်ကျေးမှုဆိုသည် လူသားဘဝ တိုးတက်မှုထက် ဆုတ်ယုတ်မှု သဘောဆောင်သည့် အယူအဆမျိုးကို ၁၈ရာစု၊ ၁၉ရာစု စိတ်ကူးယဉ်ရိုမန့်တစ်တွေးခေါ် ပညာရှင်များ၏ အတွေးအခေါ်တွင် တွေ့မြင်ရသည်။ လူ့ဘဝ၏ ရှင်သန်ပြည့်စုံမှုသည် သဘာဝတရားနှင့် လိုက်လျောညီထွေမှုရှိနေခြင်း ဖြစ်သည်။ ခေတ်သစ်အတွးအခေါ် ပညာရှင်များကလည်း ပျိုးထောင်မှု(သို့) ယဉ်ကျေးမှုနှင့် သဘာဝတရားကို ပဋိပက္ခအသွင်နှင့် ရှုမြင်ကြသည်။
လူရှေ့ကုန်းသွားခြင်း၊ လက်အုပ်ချီခြင်း၊ ဖိနပ်ချွတ်ခြင်း၊ မိမိအတွက်နှင့်တစ်ပါးသူမှာ ဝန်လေးမှု မဖြစ်စေခြင်း၊ သူတစ်ပါးအားအနှောင့်အယှက်မပြုခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်းတို့သည် ယဉ်ကျေးခြင်းသာဖြစ်သည်။ လူသားတိုင်းတို့တွင် အဇတ္တမှာရန်လိုစိတ်နှင့် မိမိကိုယ်ကိုဖျက်စီးလို သည့် စိတ်များရှိသည်။ ထို့ကြောင့် ထိုစိတ်ဆိုး၊ စိတ်ယုတ်များကို အထက်စီးရောက်မလာအောင် စိတ်ပညာ၊ အနုပညာ၊ သိပ္ပံပညာများနှင့် ထိန်းချုပ်ပြုပြင်ရမည်။ လူ့အပြုအမူများကို စီစဉ်ညွှန်ကြား ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေနိုင်စွမ်းရှိစေသည့် လူ့အသိဥာဏ်၏ ထုတ်လုပ် မှုရလဒ်များကို ယေဘုယျအားဖြင့် ယဉ်ကျေးမှုဟု ခေါ်ဆိုနိုင်သည်။ ယဉ်ကျေးမှုအကြောင်း ပြောဆို သည့်အခါ ပျိုးထောင်မှုနှင့်ယဉ်ကျေးမှုဆိုသည့် စကားလုံးကို တွေ့ရပါသည်။ အကျယ်တဝင့် အဓိ ပ္ပာယ်နှင့် ဖွင့်ဆိုရလျင် ပျိုးထောင်မှုသည် လူ့အဖွဲ့အစည်း၏ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် လူမှုဖွံ့ဖြိုးမှု၏ အစုအပေါင်းကို ဆိုလိုခြင်းဖြစ်သည်။
ယဉ်ကျေးခြင်းသည် လူ့စွမ်းအားမြင့်မားတိုးတက်မှု၊ လူသားများ၏အတွေ့အကြုံနှင့် အလေ့ အကျင့်များအရ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အဖွဲ့အစည်းအတွင်း ဝိဇ္ဇာပညာ၊ သိပ္ပံပညာတို့နှင့် ယှဉ်သည့် အသိဥာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ လူသားတို့၏ အသိပညာ၊ ယုံကြည်မှု၊ အနုပညာ၊ ကိုယ်ကျင့်တရား၊ ဥပဒေ၊ ဓလေ့ထုံးစံနှင့် အခြားနယ်ပယ် အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်လာမှုဟူ၍ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထို့ကြောင့် အမှောင်နှင့်အလင်း၊ အပူနှင့်အအေး ဒွန်တွဲကြသကဲ့သို့ အရိုင်းနှင့်အယဉ်လည်း အစဉ်ဒွန်တွဲလျက် ရှိသည်။ ရိုင်းစိုင်းမှုသဘောသည် ပကတိအတိုင်း ရိုင်းစိုင်းနေလိမ့်မည်။ ယဉ်ကျေးမှုသဘောသည် မူလပကတိရှိရင်းတရားမဟုတ်၊ လုံ့လပယောဂဖြင့်ပြုပြင်ထားသည့် ပကတိသဘောဖြစ်သည်။
လူတို့သည် မိမိတို့၏ဘဝဇာတိပါအတိုင်းမပြုပြင်ပါက အလွန်ရိုင်းစိုင်းပေလိမ့်မည်။ ရိုင်းစိုင်း မှုသဘာဝမှ လွတ်မြောက်ရလေအောင် လူတို့သည်အမြဲပြုပြင်ကာ နေထိုင်သင့်ကြောင်း သိကြ သည်။ ထိုပြုပြင်တတ်မှုနှင့်ပြုပြင်အပ်မှုသည် ယဉ်ကျေးမှုချည်းသာဖြစ်သည်။ ယဉ်ကျေးခြင်းသည် ရိုင်းစိုင်းမှုကို သိမြင်တတ်သောဥာဏ်ဖြစ်သည့်အတွက် ရှက်ဖွယ်၊ အမှား၊ အမှန်၊ တရား၊ မတရား စသည်ဖြင့်သိတတ်သည့်အသိသည် လူသားတိုင်းတွင်ရှိကြသည်။ ထိုအသိကိုယဉ်ကျေးခြင်း ဟုခေါ်ဆိုနိုင်သည်။ ရိုင်းစိုင်းမှုပကတိသဘာဝများကို ပြုပြင်ရမှန်းသိသည့်အချိန်ကစပြီး လူနှင့်ယဉ် ကျေးမှုသည် တစ်သားတည်းထွက်ပေါ်လာသည်။ ယဉ်ကျေးမှုအစစ်လူ့အနှစ်ဆိုသကဲ့သို့ လူနှင့် ယဉ်ကျေးမှုသည်ခွဲ၍ မရနိုင်ပေ။ ထို့ကြောင့်လူ့သမိုင်းအစတွင် ဗြဟ္မာကြီးကဖြစ်စေ၊ ထာဝရဘုရား သခင်ကဖန်ဆင်းသည်ဖြစ်စေ၊ မျောက်ဘဝ၊ မျောက်တစ်ပိုင်းလူတစ်ပိုင်းဘဝကဖြစ်စေ လူ့သမိုင်း အစသည် အရိုင်းသဘာဝသာဖြစ်ကြောင်း အဆိုပြုကြသည်။
လူ့သမိုင်းအဆင့်ဆင့်ကို ပြန်သုံးသပ်ကြည့်ပါက ကျောက်ကိုအသုံးပြုရမှန်းသိသည့်အသိ၊ ကြေးနှင့်သံကို လက်နက်ကိရိယာအဖြစ်အသုံးပြုမှန်းသိသည့်အသိ၊ တိုင်းနိုင်ငံတည်ထောင်အုပ် ချုပ်မှုများ၊ တရားဓမ္မများ၊ ပွဲလမ်းသဘင်ပျော်ရွှင်ခံစားမှုများ၊ အာကာသခရီးသို့သွားခြင်းများ၊ ပကတိသဘာဝလူအဖြစ်မှ ဘုရားဖြစ်အောင်ကျင့်တတ်မှုများစသည့် အောင်မြင်မှုများဖြင့် သဘာဝရှိမှု များကို နိုင်နင်းစွာပြုပြင်တတ်မှုနှင့် ပြုပြင်အပ်မှု ပကတိသဘောများသည် ယဉ်ကျေးမှုသရဖူများ ဖြစ်ကြသည်။ ယဉ်ကျေးမှုသည် လူလိုသိတတ်မှု၊ ပြောဆိုတတ်မှု၊ ပြုလုပ်တတ်မှု၊ နေထိုင်စား သောက်သွားလာတတ်မှုများနှင့် လူအချင်းချင်းလူဟူ၍ သိတတ်ခြင်းစသည်တို့သည် အသိလိမ္မာ တရားများပင်ဖြစ်သည်။ ထို့ကြောင့်အသိအလိမ္မာတရားကို အစဉ်အမြဲလက်ကိုင်ထားခြင်းဖြင့် လူ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရာရောက်ပြီး လူ့လောက၌ ငြိမ်းချမ်းသာယာမှုကို ရှေးရှုနိုင် မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
နင်;ခမ်းရတနာ; (ခမ်းစန္တာ;ဟေ့,)
ကိုးကား - မောင်ဥာဏ်သစ်(အသိတရားနှင့် ဘဝကိုထုဆစ်ခြင်း)
Like On Facebook
Follow On Twitter
Subscribe On RSS