Monday, September 19, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ တာဝန်ရှိပုဂ္ဂိုလ်များအား Akhaya Women အဖွဲ့တာဝန်ခံ လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်


၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်၊ တနင်္လာနေ့ ညနေပိုင်းအချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူးစောခွန်ကျော်ဝင်းတို့ကို Akhaya Women အဖွဲ့တာဝန်ခံ ဒေါ်ဥမ္မာအောင်မင်း မှ လာရောက်တွေ့ဆုံးဆွေးနွေးသွားကြောင်း သိရပါသည်။ ၎င်းတွေ့ဆုံဆွေးနွေးသွားသည့် အကြောင်းရင်းမှာ လာမည့် ၂၀၂၀ ခုနှစ် လွှတ်တော် အတွင်း အမျိုးသမီးပါဝင်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်တွင် Manage Politic Training ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီအနေဖြင့်လည်ကောင်း၊ အခြားပါတီ အဖွဲ့အစည်းအနေဖြင့်လည်ကောင်း၊ အမျိုးသမီးလွှတ်တော်အမတ် ၀င်ရောက်ယှဉ်ပြိုင်မှုရှိပါက ၎င်းသင်တန်းကို တက်ရောက်နိုင်ကြောင်းနှင့် လိုအပ်သည့်အရည်အချင်းများကို ပံ့ပို့ပေးသွားမည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။

နန်းလေဟွမ်

Powered by Blogger.