Thursday, September 29, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက HARVARD Kenndy School အဖွဲ့ကို ရင်းနှီးစွာလက်ခံတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်


၂၀၁၆ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်၊ ကြာသပတေးနေ့ နံနက်(၉း၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် HARVARD Kenndy School (ဟားဗတ် တက္ကသိုလ်)အဖွဲ့သားများကို ရုံးအဖွဲ့မှူးဆရာစောခွန်ကျော်ဝင်းက ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် HARVARD Kenndy Schoolအဖွဲ့မှ DEAN WILLIAMS သည် ပအိုဝ်းလူမျိုးတို့၏ နေထိုင်ရာဒေသအသီးသီးနှင့် သမိုင်းကြောင်းအစဉ်အလာများ၊ နိုင်ငံရေးအကြောင်း၊ ပအိုဝ်းလူမျိုးတို့၏ တော်လှန်ခဲ့ရသော တော်လှန်ရေးသမိုင်းကြောင်းများကို သိရှိလို၍ မေးမြန်းကာ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းက အကျယ်တ၀င့် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ HARVARD Kenndy School အဖွဲ့သည် စက်တင်ဘာလ (၂၈)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင် အဘဦးအောင်ခမ်းထီနှင့် တွေ့ဆုံပြီး အဘ ဦးအောင်ခမ်းထီက ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့များကို ရှင်းပြခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ခွန်ဗန်ထို


Powered by Blogger.