Wednesday, October 12, 2016

တောင်ကြီးမြို့နယ်၊ နားဘောင်စံပြကျေးရွာ နားဘောင်ဈေးဝင်းအတွင်း ပထမအကြိမ်-အလွတ်တန်း ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်









အထူးဒေသ(၆)၊ တောင်ကြီးခရိုင် ကန်တော်ကြီးမြို့နယ် နားဘောင်စံပြကျေးရွာ နားဘောင်ဈေးဝင်းအတွင်းတွင် ပထမအကြိမ် ပအိုဝ်းအမျိုးသားပိုင် ကန်တော်ကြီး(နားဘောင်)ဈေးကော်မတီဖလား ဒေသပေါင်းစုံ အလွတ်တန်းဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲနှင့် ဒေသတွင်းပိုက်ကျော်ခြင်းအလွတ်တန်းပြိုင်ပွဲ ဗိုလ်လုပွဲကို အခမ်းအနားကို ၂၀၁၆-ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။
အဆိုပါပြိုင်ပွဲများတွင် ကန်တော်ကြီး(နားဘောင်ဈေး)ကော်မတီဥက္ကဌ ဦးခွန်ဘိနှင့် အတွင်းရေးမှူး ဦးခွန်ပုတို့မှဦးဆောင်ပြီး မူးယစ်ဆေးဝါးပပျောက်ရေး၊ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်ဦးတည်လျှက် ပထမအကြိမ် ကန်တော်ကြီး(နားဘောင်)ဈေးကော်မတီဖလား အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး၊ နောက်နောင်တွင် ဘောလုံးပြိုင်ပွဲများ ပါဝင်ကျင်းပနိုင်ရန်အတွက် ရည်ရွယ်ပြီး နားဘောင်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥက္ကဌ ဦးခွန်ဖြူတို့မှ အားကစားကွင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကွင်း နှင့် ခန်းမဆောင်များကို အလှူရှင်များနှင့် ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့်(၃)လပိုင်း-၂၀၁၆-ခုနှစ်တွင်စတင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။
ပထမအကြိမ် ပအိုဝ်းအမျိုးသားပိုင် ကန်တော်ကြီး(နားဘောင်) ဈေးကော်မတီ ဖလားဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုကို အနိုင်ရရှိသော ထီရီး(ခ)အသင်းနှင့် ဒုတိယဆုကိုရရှိသော ထမ်းဘုရားအသင်းတို့အား ဆုငွေကျပ်သုံးသိန်းနှင့် ဆုငွေကျပ်နှစ်သိန်းတို့ကို ပအိုဝ်းအမျိုးသားတပ်မတော် ဗိုလ်မှူးကြီးပီတာထွန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေနှင့် ဒုဗိုလ်မှူးကြီး ခွန်ဂျိုးဇက်တို့မှ ဆုချီးမြှင့်ပေးခဲ့ပြီး ဒေသအတွင်း ပိုက်ကျော်ခြင်း အလွတ်တန်းပြိုင်ပွဲတွင် ပထမဆုကို ထီကတူးအသင်း၊ ဒုတိယဆုကို ဟမ်းဆီးအသင်းတို့က ရရှိခဲ့ပြီးပထမဆုနှင့် ဒုတိယ၊ တတိယဆုများကို ဗိုလ်မှူးခွန်အောင်သန်း၊ ဦးခွန်ယွန်း၊ ဦးအောင်သာနှင့် ဦးထွဉ်ဖါလေတို့မှ ချီးမြှင့်ပေးခဲ့ပါသည်။ နားဘောင်ဈေးနေ့တိုင်း ပုံမှန်ကျင်းပလျက်ရှိသော အလွတ်တန်းဘော်လီဘောပြိုင်ပွဲကို ယခုနှစ်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ လာမည့်နှစ်တွင်လည်း နားဘောင်ဈေးနေ့တိုင်း ကျင်းပပေး သွားမည်ဖြစ်သည်။ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နှစ်စဉ်နှစ်တိုင်း ၀ါတွင်းသုံးလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.