Tuesday, October 4, 2016

့မြန်မာနိုင်ငံ၏ လူငယ်မူဝါဒဆိုင်ရာ ပါတီစုံ အလုပ်အဖွဲ့ အစည်းအဝေး ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်



မြန်မာပါတီစုံဒီမိုကရေစီ အစီအစဉ် DIPD မှ စီစဉ်ကျင်းပသော မြန်မာနိုင်ငံ၏ လူငယ်မူဝါဒဆိုင်ရာဆိုင်ရာ ပါတီစုံ အလုပ်အဖွဲ့အစည်းဝေးပွဲကို ရန်ကုန်မြို့ရှိ DIPD ရုံးတွင် ၃.၁၀.၂၀၁၆ ရက်နေ့မှ ၄.၁၀.၂၀၁၆ ရက်နေ့အထိ (၂) ရက် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံရေးပါတီ (၁၃)ပါတီပါဝင်ပြီး ပါတီလူငယ် (၂၁)ဦးတက်ရောက် ဆွေးနွေးခဲ့ရာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ လူငယ် (၂)ဦးပါဝင်ခဲ့ကြောင်း၊ အစည်းအဝေးမှ ရရှိလာသည့် ဆွေးနွေးချက် များကို လာမည့်အောက်တိုဘာလ နေပြည်တော်တွင် ကျင်းပမည့် လူငယ်ပေါ်လစီရေးဆွဲရာတွင် တင်ပြ သွားမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ အစည်းအဝေးများကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆက်လက် ကျင်းပသွားရန် ရှိကြောင်း DIPD က ဆရာမချောစန္ဒီမှ ပြောကြားသွားကြောင်း သိရှိရပါသည်။

ခွန်ခမ်းနောဝ်

Powered by Blogger.