တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ပြောင်းဖူးစိုက်တောင်သူများသည် ပြောင်းဖူး အထွက်နှုံး ယခင်နှစ်ထက် များစွာတိုးတက်လျက်ရှိပြီး ဈေးကွက်တွင် တန်ဖိုးမြှင့် ရောင်းချလိုကြောင်း ၂၀၁၆-ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ဦးခွန်ထွဉ်ဖါလု ပြောပြချက်အရ သိရှိရပါသည်။
ပြောင်းဖူးအထွက်နှုံးနှင့် ဈေးကွက်အခြေအနေများကို ရှမ်းပြည်နယ်တောင်ပိုင်း စီပီဈေးကွက်တာဝန်ခံ အထွေထွေမန်နေဂျာ ဦးဆန်းထွန်းပြောကြားချက်အရ စီပီပြောင်းမျိုးစေ့နှင့် စီပီဓာတ်မြေသြဇာ အရည်အသွေးမှာ ၂၀၁၆-ခုနှစ် မိုးရာသီတွင် စီပီရန်ကုန်ကုမ္ပဏီမှ ထုတ်လုပ်သော CP 808/ CP201/ CP111 ပြောင်းမျိုးကို စိုက်ပျိုးခြင်းနှင့် တောင်သူဦးကြီးများ သီးနှံအထွက်တိုးပြီး၊ ရောဂါကင်းသော ပြောင်းဆံများကို ရရှိကြပါသည်။
ပြောင်းသီးနှံအထူး အထွက်တိုးရန်အတွက်လည်း စီပီရန်ကုန်ကုမ္ပဏီမှ ပြောင်းသီးနှံအတွက် အထူးအထွက်တိုး စီပီဓာတ်မြေသြဇာ 20-10-5နှင့် စီပီ46-0-0 ပုလဲမြေသြဇာတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးခဲ့ပါသည်။ ယခုနှစ်တွင် တောင်သူဦးကြီးများ စီပီ808 ကိုစိုက်ပျိုးခြင်းဖြင့် တစ်ဧကလျှင် ၂၂၀၀ အထိထွက်ရှိပြီး၊ အထူးအထွက်တိုးလျက်ရှိကြပါသည်။ စီပီရန်ကုန်ကုမ္ပဏီသည် တောင်သူဦးကြီးများ၏ ၀င်ငွေအစဉ် တိုးပွားစေရန် အစဉ်အမြဲ အလေးထားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အရည်သွေးမြင့်ပြီး အာမခံချက်ရှိသည့် စီပီပြောင်းမျိုးစေ့နှင့် ဓာတ်မြေသြဇာများကို တောင်သူဦးကြီးများ လွယ်ကူစွာ ၀ယ်ယူနိုင်ရန်အတွက် စီပီ၏အရောင်းကိုယ်စားလှယ်ထံတွင် ယုံကြည်စိတ်ချဝယ်ယူနိုင်ပါကြောင်း ၎င်းကပြောခဲ့ပါသည်။
တောင်ကြီးမြို့တွင် လက်ရှိဈေးကွက်တွင် ပြောင်းဖူးတစ်ပိဿာလျင် ၂၈၀ကျပ်သာရှိပြီး၊ လာမည့် အခြေအနေတွင် မသိရှိနိုင်သေးဘဲ နိုင်ငံခြားပွဲစားများကသာ အဓိကကျပြီး ဈေးကွက်စီးပွားရေးစနစ်သည် နိုင်ငံရေးအခြေအနေပေါ် မူတည်ကြောင်း ပြောင်းဖူးပွဲစားတစ်ဦးထံမှ သိရှိရပါသည်။
စီပီကုမ္ပဏီမှ အရည်အသွေးမြှင့် ပြောင်းဖူးမျိုးစေ့ ဖြန့်ဖြူးသည့်အပြင် အရည်အသွေးပြည့်မှီသော ပြောင်းဆံများကိုလည်း ဒေသအသီးသီး မြို့နယ်အသီးသီးရှိ ပြောင်းဆံရောင်းဝယ်ရေး ကုန်သည်များထံမှ တဆင့် ၀ယ်ယူလျက်ရှိပါကြောင်း သိရှိရပါသည်။
ခွန်ပန်းစိန်
Like On Facebook
Follow On Twitter
Subscribe On RSS