တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နှင့် ဂျပန်နိုင်ငံ Tobu ကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်သည့် MIS (Mingala Incubation School) သင်တန်းကျောင်းတွင် လုံခြုံရေးအတွက် ၀န်ထမ်း(၆)ဦး ထပ်မံခေါ်ယူကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံးရှိ ပြည်သူ့ဆက်ဆံရေးဌာနထံမှ သိရှိရပါသည်။
အဆိုပါ ထပ်မံခေါ်ယူသော ၀န်ထမ်း(၆)ဦးသည် အောက်တိုဘာလ(၁၀)ရက်တွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊ဗဟိုဌာနရုံးချုပ်သို့ ရောက်ရှိလာပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်နှင့် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းတို့က အားပေးအမှာစကား ပြောကြားပြီး MISမှ ခွန်လန်း ကလည်း ဂျပန်ကုမ္ပဏီမှ အလုပ်လုပ်ရသော အခြေအနေများကို ပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အနေနှင့် အဆိုပါ MIS သင်တန်းကျောင်းသို့ ပြီးခဲ့သော ဇူလိုင်တွင် ပထမသုတ်အနေနှင့် ၀န်ထမ်း(၃၀)ဦး စေလွှတ်ခဲ့ပြီး ယခုတွင် အလုပ်အခြေအနေအရ ၀န်ထမ်း(၆)ဦးထပ်မံခေါ်ယူခဲ့ကြောင်း၊ ယခု ခေါ်ယူသော လုံခြုံရေးဝန်ထမ်းသည် တောင်ကြီးမြို့နယ်(၃)ဦး၊ ပင်လောင်းမြို့နယ်(၂)ဦးနှင့် ကျောက်တလုံးကြီးမြို့(၁)ဦးဖြစ်ကြောင်းသိရှိရသည်။
နဂါ့ခွန်
Like On Facebook
Follow On Twitter
Subscribe On RSS