Thursday, November 24, 2016

ပအိုဝ်းအမျိုးသမီးခေါင်းဆောင်မှု သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်




၂၀၁၆၊ နိုဝင်ဘာ (၂၄)ရက်၊ တောင်ကြီးမြို့ရှိ၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း ခန်းမကြီးတွင် ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO) နှင့် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ပအိုဝ်းအမျိုးသမီး ခေါင်းခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းတာဝန်ခံ ဆရာစောခွန်ကျော်ဝင်းမှ ပအိုဝ်းသမိုင်းအကျဉ်းနှင့် သင်တန်းကျောင်း ပေါ်ပေါက်လာရခြင်းအကြောင်းကို ပြောကြားခဲ့ပြီး  ပအိုဝ်းအမျိုးသမီးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ စင့်မွိုးမွံတို့မှ အမှာစကားပြောကြားကာ သင်တန်းမှူး ခွန်ရဲအောင်မှလည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသမီးများ ထက်ထက်မြက်မြက်ရှိလာဖို့နှင့် ပအိုဝ်းဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပအိုဝ်းအမျိုးသမီးများအနေဖြင့် စွမ်းစွမ်းတမံ ပါဝင်လုပ်ဆောင်နိုင်အောင် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်းကိုလည်း စင့်မွိုးမွံမှ ပြောကြားခဲ့ပါသည်။
ဤသင်တန်းတွင် သင်ကြားသော ဘာသာရပ်များမှာ - presentation Skill၊ ပအိုဝ်းလူမျိုးသမိုင်းနှင့် စာပေသမိုင်း၊ ပအိုဝ်းတော်လန်ရေးသမိုင်း၊ ငြိမ်းချမ်းရေးရယူခြင်းမှတ်တမ်းများ၊ မမေ့အပ် မပျောက်ကွယ် သင့်သော ပအိုဝ်းရိုးရာဓလေ့ထုံးတမ်းများ၊ အမျိုးသမီးခေါင်းဆောင်မှု၊ ရုံးပိုင်းဆိုင်ရာ စာရေးနည်းများ၊ GENDER၊ အမျိုးသမီးအဆင့်အတန်း ၊ CEDAW- အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှု အားလုံးပပျောက်ရေး သဘောတူစာချုပ်၊ ပျော်ရွှင်သော ဘ၀တည်ထောင်နည်း၊ အဖွဲ့ဖွဲ့စည်းတည်ဆောက်ပုံ၊ အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲရေးတို့ ဖြစ်ပါသည်။
ဤသင်တန်းတွင် တောင်ကြီးမြို့ အနီးတ၀ိုက်မှ သင်တန်းသူ (၇၀)ဦး တက်ရောက်ပြီး သင်တန်းဆရာ(၉)ဦးဖြင့် သင်ကြားပါသည်။ သင်တန်းကို နိုဝင်ဘာ(၂၄)မှ (၂၈)ရက်နေ့ထိ (၅)ရက်တိုင်တိုင် သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

ခွန်စုထူးယံ (ဟိုနမ်း)


Powered by Blogger.