Thursday, December 22, 2016

အမျိုးသမီးများအတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများစီမံချက်နှင့် အမျိုးသမီးခေါင်းဆောင်မှုသင်တန်းဆွေးနွေးပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်


တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် MEDA နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသမီးများအတွက် စီးပွားရေးဆိုင်ရာအဖွင့်အလမ်းများ စီမံချက်၊ စိုက်ပျိုးရေးကဏ္ဍရိတ်သိမ်းချိန် လွန်နည်းပညာနှင့် အမျိုးသမီးခေါင်းဆောင်မှုသင်တန်းဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၁၉) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၄) ရက်ကြာသင်တန်းကို ပြုလုပ်ကျင်းပကြောင်းသိရှိရပါသည်။

အမျိုးသမီးခေါင်းဆောင်မှုသင်တန်းနှင့် ပတ်သက်ပြီး ဆရာမဒေါ်နန်းအေးအေးမြက သင်တန်း၏ရည်ရွယ်ချက်များကိုပြောကြားရာတွင် ခေါင်းဆောင်မှုအဓိပ္ပါယ် အရည်အချင်းများ၊ ပုံစံများ၊ ကျင့်ဝတ်များသိရှိနားလည်လာစေရန်၊ အမျိုသမီးခေါင်းဆောင်မှု၏ စိန်ခေါ်မှုများ၊ ကောင်းမွန်သော ဆက်သွယ်ဆက်ဆံရေးနည်းလမ်းများရရှိစေရန်၊ လူထုအတွင်း စကားပြောစွမ်းရည်များ ပိုမိုသိရှိလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆွေးနွေးခဲ့ကြပြီး ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ပတ်သက်၍ ဆရာမဒေါ်စုရည်မွန်က ရှင်းပြသည့်ရည်ရွယ်ချက်များမှာ ရိတ်သိမ်းချိန်လွန်နည်းပညာ၏ အရေးပါပုံကိုသိရှိစေရန်၊ ဟင်းသီးဟင်းရွက်များ ရိတ်သိမ်းပြီးနောက်ပိုင်း ဆုံးရှုံးမှုများကို လျှော့ချနိုင်စေရန်၊ တောင်သူများစိုက်ပျိုးသော ဟင်းသီးဟင်းရွက်များ ဈေးကောင်းပိုမိုရရှိစေရန် ရည်ရွယ်၍ သင်တန်းကိုပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းဆွေးနွေးပွဲကို တောင်ကြီးမြို့နယ် စီမံချက်နယ်မြေအတွင်းကျေးရွာများမှ သင်တန်းသူ/သားများ (၃၀)ကျော်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.