Tuesday, December 6, 2016

ဒုတိယနေ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်





၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်၊ အင်္ဂါနေ့၊ နံနက် (၁၀း၀၀) အချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ခန်းမတွင် ဒုတိယနေ့ ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ကျင်းပကြောင်းသိရှိရပါသည်။

အဆိုပါအရေးပေါ်အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃၅) ဦးရှိသည့်အနက် (၁၁၅) ဦးတက်ရောက်ခဲ့ပါကြောင်း၊ ခွင့်ဖြင့်ပျက်ကွက်သူ (၂၀) ဦးရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်းများကို ကိုယ်စားလှယ် (၇)ဦးမေးမြန်းပြီး မေးခွန်းအားလုံးပေါင်း (၁၂) ခုမေးမြန်းခဲ့ပါသည်။

မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးအားကို၏ မေးမြန်းချက်မှာ - “ကျိုင်းတုံ- တာချီလိတ်လမ်းရှိ အန္တရာယ်ကွေ့များတွင် (Guard Rail) များကို တည်ဆောင်ပေးနိုင်ခြင်းရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၏ ပြန်လည်ဖြေကြားချက်မှာ ၂၀၁၇/၂၀၁၈ ခုနှစ်တွင် သော်တာဝင်းကုမ္ပဏီမှတာဝန်ယူပြီး  ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့အကြား အောက်ပါနေရာ (၇) ခုမှာ ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ (က) ၆၈၆ ကီလိုမီတာမှ ၆၈၇ ကီလိုမီတာအတွင်း (၁၂) မီတာ တတောင်းရွာအနီး၊ (ခ) (၆၈၉) ကီလိုမီတာကနေ (၆၉၀) ကီလိုမီတာ (၂၄) မီတာအရှည်ဖြစ်ပြီး တတောင်းရွာနှင့် တာကျော့ရွာကြားဖြစ်ပါသည်။ (ဂ) (၆၉၀) ကီလိုမီတာကနေ (၆၉၁) ကီလိုမီတာအတွင်း (၁၂) မီတာအရှည် တံတောင်းရွာနှင့် တာကျော့ရွာဖြစ်ပြီး (ဃ) (၆၉၂) ကီလိုမီတာကနေ (၆၉၃) ကီလိုမီတာအတွင်း တာကျော့ရွာအနီး (၁၂) မီတာအရည်ဖြစ်ပြီး (င) (၆၉၇) ကီလိုမီတာနှင့် (၆၉၈) ကီလိုမီတာအတွင်းမှာ အရှည်(၁၂) မီတာ ၊(စ) (၆၉၉) ကီလိုမီတာကနေ (၇၀၀) ကီလိုမီတာအတွင်း (၂၀) မီတာအရည်၊ (ဆ) (၇၀၁) မှ (၇၀၂) ကီလိုမီတာအတွင်း (၁၂) မီတာအရှည် စုစုပေါင်း(၁၀၄) မီတာကိုဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသောနေရာများသည်လည်း ထပ်မံစစ်ဆေး၍ ဘဏ္ဍာရေးနှစ် အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးအောင်သူ၏ မေးမြန်းချက်မှာ- “ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်ဒေသမှာဖြစ်ပွားနေသည့် KIA၊ TNLA၊ MNDAA လက်နက်ကိုင် သောင်းကျန်းသူများ၏ အပြစ်မဲ့ပြည်သူလူထုအပေါ်ဆောင်ရွက်ကြသည့် ဆောင်ရွက်ချက်များအပေါ် ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း”  အရေးကြီးအဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အရေးကြီးအဆိုကိုတင်သွင်းခဲ့ရာ ကန့်ကွက်သူများရှိနေသဖြင့် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ (၆၁) ဦး၊ ကန့်ကွက်သူ (၅၃) ဦးရှိရာ ယင်းအဆိုကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ခမ်းမျင်းမိုရ်

Powered by Blogger.