၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (YMCA) ခန်းမတွင် ချယ်ရီပုံရိပ်အဖွဲ့မှ ဆရာမချိုမြဦး၊ ဆရာမနှင်းနန္ဒာအောင်နှင့် ဆရာမဖြိုးမာလာတို့က ဦးဆောင်၍ “အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှု စွမ်းရည်မြှင့်သင်တန်း” ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ပအိုဝ်းအမျိုးသမီးအဖွဲ့(PWO)၊ ခမ်းကောင်လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့၊ မေတ္တာဖောင်ဒေးရှင်းအဖွဲ့၊ တောင်သူလယ်သမား သမဂ္ဂအဖွဲ့၊ ဓနုလူငယ်ကွန်ယက်၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တောင်ကြီးမြို့နယ်ရှိ ဒေသခံအမျိုးသမီးများ တက်ရောက်ကြပြီး တက်ရောက်သူ သင်တန်းသားများ စုစုပေါင်း(၂၇)ဦးရှိကြောင်းသိရှိရပါသည်။ သင်တန်းကို နေ့စဉ်နံနက်(၉း၀၀)မှ ညနေ(၄း၀၀) အထိဖွင့်လှစ်ပြီး သင်တန်းကာလမှာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ခမ်းစန္တာ;ပအိုဝ်းမူ;ပေ;
Like On Facebook
Follow On Twitter
Subscribe On RSS