Wednesday, December 14, 2016

၂၀၁၆-၂၀၁၇ခုနှစ် (၁၇)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘော်လုံးအဖွဲ့ချုပ် ဥက္ကဌဖလား ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်













အထူးဒေသ(၆) တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု နောင်ကားဘောလုံးကွင်းတွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌဖလား အကြီးတန်း/ အငယ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ၂၀၁၆-ခုနှစ် ဒီဇင်ဘာလ ၁၄ရက်နေ့ နံနက်၈နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် အ.ထ.က - ကျောက်တလုံးကြီး ဘင်ခရာတပ်ဖွဲ့မှဦးဆောင်၍ ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ အကြီးတန်း(၁၆)သင်း၊ အငယ်တန်း(၇၉)သင်းတို့သည် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖြားတန်ခွန်စံလွင်အား ချီတက်အလေးပြုကာ ကွင်းအတွင်းသို့ ၀င်ရောက်နေရာယူခဲ့ကြပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖြားတန်ခွန်စံလွင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်PNFFက ဦးဆောင်ပြီး ကျင်းပပေးခဲ့ဒါဟာ ယခုနှစ်အပါအ၀င် (၁၇)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲကြီးဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို အနည်းငယ်ရှင်းပြလိုပါကြောင်း ပအိုဝ်းအမျိုးသားတွေရဲ့ ဘောလုံးအားကစားနှင့်ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် နောင်ယာဆိုင်းကျေးရွာမှာ ၁၉၇၇-၇၈-ခုနှစ်က ကျင်းပပြုလုပ်သော ပအိုဝ်းအမျိုးသားအောင်ပွဲနေ့မှာ စနစ်တကျစတင်ခဲ့တယ်လို့ ပြောရမှာဖြစ်ကြောင်း ဒီပွဲမှာ အားကစားပြိုင်ပွဲအစုံ ထည့်သွင်းကျင်းပပေးခဲ့ပြီး ဘောလုံးနှင့်ပတ်သက်လို့ အာရှဘောလုံးပြိုင်ပွဲတွေမှာ နာမည်ကြီးခဲ့သော တင်အောင်မိုး(ပအိုဝ်း)က ဦးဆောင်ပြီး ရှမ်းပြည်နယ်လက်ရွေးစင်တွေဖြစ်တဲ့ ခွန်ကျော့ဖေ၊ ခွန်မျိုးသန့်၊ ရွှေဘော်၊ ခွန်မြတ်သူ စသည့်လက်ရွေးစင်ဘောလုံးသမားများက ကျေးရွာတော်တော်များများမှာ သင်တန်းတွေပေးပြီး ကျေးရွာအသင်းများကို ယှဉ်ပြိုင်စေခဲ့တာဖြစ်ကြောင်း မှတ်သားရပါသည်။ နောက်ပိုင်းမှာ နယ်မြေအခြေအနေမအေးချမ်းတာကတကြောင်း အာရှလက်ရွေးစင် ဦးတင်အောင်မိုး ကွယ်လွန်သွားတာက တကြောင်းကြောင့် ပအိုဝ်းအမျိုးသားတွေရဲ့ ဘောလုံးအပေါ်စိတ်ဝင်စားမှုဟာ မှေးမှိန်ခဲ့ရပါကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေနဲ့ ငြိမ်းချမ်းရေးရယူပြီး ၁၉၉၉-ခုနှစ်တွင် ရှမ်းပြည်နယ်ဘောလုံးအားကစား ပြန်လည်မြင့်မားဖို့ဆိုပြီး တိုင်းမှူးဒိုင်းဘောလုံးပွဲတွေ ကျင်းပပေးခဲ့ရာမှာ ပအိုဝ်းလူငယ်ဘောလုံးအသင်းဆိုပြီး ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း ဒီလိုဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းမှာ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားရေး လှုပ်ရှားမှုတစ်ခုဖြစ်တစ်လို ပအိုဝ်းလူမျိုးတို့ရဲ့ အနာဂါတ်လူငယ်လူရွယ်များ အပျော်အပါးနှင့်အရက်သေစာ မှုးယစ်ဆေးဝါးများ မသုံးမိဖို့ လမ်းမှားမရောက်ဖို့ ကျန်းမာကြံ့ခိုင်မှုဖြစ်စေဖို့ ပအိုဝ်းတိုင်းရင်းသား လူငယ်လူရွယ်များ အားကစားမှာစိတ်ဝင်စားလာဖို့ နေရာဒေသပေါင်းစုံရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးဖို့ ပြည်နယ်ကိုယ်စားပြု အားကစားသမားများ ပေါ်ထွန်းလာဖို့ ပအိုဝ်းအမျိုသား အမျိုသားရေးစိတ်ဓာတ်မြှင့်တင်ပေးနိုင်ဖို့နှင့် ပြည်သူလူထုများရဲ့ တစ်နှစ်တာစိတ်ပင်ပန်းမှုတွေကို အပန်းဖြေစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ယခုဆိုရင် နောင်ကားဘောလုံးပြိုင်ပွဲတွင် မဟုတ်ဘဲ ပအိုဝ်းဒေသအသီးသီးတွေမှာလည်း သူ့နည်းသူ့ဟန်ဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်နေတာကို တွေ့မြင်ရတဲ့အတွက် အောင်မြင်မှုတစ်ခုအဖြစ် ရှုမြင်သုံးသပ်ရပါကြောင်း၊ နောင်ကားဘောလုံးပြိုင်ပွဲကြီး နှစ်စဉ်ကျင်းပနိုင်ဖို့အတွက် ရန်ပုံငွေများကို ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်PNFFက မတည်ပြီး လိုအပ်ပါက ဦးနေ၀င်းထွန်း၊ ပတ္တမြားနဂါးကုမဏီမှလည်းကောင်း၊ (ဦးခွန်မြတ်) ခွန်ပအိုဝ်းကျောက်မျတ် ကုမဏီမှလည်းကောင်း၊ နောင်ကားဈေး ဈေးဆိုင်ခန်းများမှလည်းကောင်း၊ အခြားကျွန်တော်တို့နဲ့ ရင်းနှီးသည့် အလှူရှင်များမှလည်းကောင်း၊ ပြိုင်ပွဲကြွရောက်လာကြသည့် အားကစားဝါသနာရှင်များမှလည်းကောင်း နောင်ကားဘောလုံးပြိုင်ပွဲအတွက် ရန်ပုံငွေကောက်ခံခြင်းမရှိကြောင်း ပြောကြားလိုပါသည်။ လက်ရှိ ငွေကောက်ခံမှုနှင့်ပတ်သက်ပြီး ပြောရမယ်ဆိုရင် အွိုင်းအလိုက်ဘောလုံးအသင်းနဲ့ ဝေင်နယ်းအလိုက် ဘောလုံးအသင်းတွေက နယ်အလိုက်ဝင်ရောက်ယှဉ်ပြိုင်မည့် မိမိတို့ရဲ့ကစားသမားတွေအတွက် ၀တ်စုံဖိုး၊ ဖိနပ်ဖိုး၊ သွားရေးလာရေးကိစ္စ စသည်ဖြင့် ကောက်ခံတာမျိုးလောက်ဘဲ ရှိတယ်လို့သိရပါတယ်၊ ဒီကိစ္စတွေကို Facebook(လူမှုကွန်ယက်)ပေါ်မှာ ပြည်သူလူထုတချို့တွေ မိမိတို့အဖွဲ့အပေါ် အထင်အမြင် လွဲမှားအောင် ဂုဏ်သိက္ခာကျဆင်းအောင် ရေးတင်နေတာကို တွေ့မြင်နေရတဲ့အတွက် ၀မ်းနည်းမှုဖြစ်မိပါကြောင်း ဘယ်လိုဘဲဖြစ်ဖြစ် အမျိုးသားရေးစိတ်ဓာတ်ကို အရင်းတည်ပြီး မိမိလူမျိုး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ ကူညီဆောင်ရွက်ပေးဖိုလိုအပ်သလို ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအားဟာလည်း ကျွန်တော်တို့ ရှေ့ဆက်လျှောက်လှမ်းရမည့် ခရီးအတွက်အားဆေးတစ်ခွက်ဖြစ်တယ်လို့ မှတ်ယူထားပါကြောင်း ဒါကြောင့် မို့လို့ ဘယ်သူတွေဘယ်လောက်ပဲရေးနေ ပြောနေကြပါစေ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေသည် မှတ်ကျောက်တစ်ခုဖြစ်လာမှာ ဖြစ်ပါကြောင်း ပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဖြားတန်ပီတာထွန်းနိုင်မှ အားပေးစကား ပြောကြားပေးခဲ့ပါသည်။ ယခုနှစ်ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု  MNL၊ PNFF၊ ရန်ကုန် ၊ မန္တလေးတို့မှ ဦးတင်သိန်း ခေါင်းဆောင်သော ဒိုင်လူကြီးအဖွဲ့တို့က တာဝန်ယူဆောင်ရွက်ပေးပါသည်။
ထိုဘောလုံးပြိုင်ပွဲတွင် အကြီးတန်း ပထမဆု ကျပ်သိန်း(၂၀)၊ ဒုတိယဆု ကျပ်(၁၅)သိန်း၊ အငယ်တန်းပြိုင်ပွဲတွင် ပထမ ကျပ်(၁၅)သိန်း၊ ဒုတိယဆု ကျပ်(၁၀)သိန်း၊ ဘော်လီဘောပြိုင်ပွဲတွင် ပထမဆု ကျပ်(၅)သိန်း၊ ဒုတိယဆု ကျပ်(၃)သိန်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ကျပ်(၂)သိန်း၊ ဒုတိယဆု ကျပ်(၁)သိန်း စီချီးမြှင့်ပေးသွားပြီး၊ နောက်ဆက်တွဲအနေဖြင့် အားကစားသမားများ နားနေချိန်တွင် မည်သူမဆို တေးသီချင်းများကို သီဆိုနိုင်ရန်အတွက် APEX BANDမှ K.B ကိုစိုင်းနှင့် ခွန်ငယ်လေးတို့က စီစဉ်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.