Monday, December 12, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ လူငယ်တွေ့ဆုံပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်




ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနသည် (၁၀.၁၂.၂၀၁၆)နေ့၊ စနေနေ့ညတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားရွာ၌ လူငယ်တွေ့ဆုံပွဲကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲကို ကျောက္ကချားရွာလူပျိုအပျိုများ၊ Piti Teacher Network (PTN) အဖွဲ့ဝင်များစုစုပေါင်း(၁၀၀)ဦးကျော် တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲကိုညနေ(၆း၃၀)အချိန်တွင် စတင်ခဲ့ပြီးပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ ခွန်ထက်အောင်သည် Start and Improve Your Business (SIYB) [သင်၏စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့် တိုးတက်အောင်ပြုလုပ်ခြင်းအစီအစဉ်] အကြောင်းကို အနှစ်ချုပ်သုံးသပ်ပြောပြပေးသွားပြီး တွေ့ဆုံပွဲ ဒုတိယပိုင်းတွင် လေ့ကျင့်ပညာပေးရေးဌာနမှခွန်ကျော်သည် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာအကြောင်း အနှစ်ချုပ်ပြောပြပေးခဲ့သည်။ တွေ့ဆုံပွဲတွင် အမေးအဖြေကဏ္ဍ၊ ပအိုဝ်းသီချင်းများစုပေါင်းသီဆိုမှုများလည်း ပြုလုပ်ခဲ့ပြီးတွေ့ဆုံပွဲသည် ည(၁၀း၃၀)အချိန်တွင် အောင်မြင်ပြီးဆုံးခဲ့သည်။ တွေ့ဆုံပွဲပြီးမြောက်သည့်အခါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လေ့ကျင့်ပညာပေးရေးဌာနမှ စွမ်းရည်မြှင့် သင်တန်းလက်စွဲစာအုပ် (၁၀၀)ကျော်ကို တက်ရောက်လာသည့် ကျောက္ကချားရွာလူပျိုအပျိုများနှင့် ရပ်မိရပ်ဖများကို ပေးဝေခဲ့ကြောင်း သိရှိရသည်။

ခွန်ဖုံထံယံဟိတ်

Powered by Blogger.