ထို့နောက် ဒေသဦးစီးဥက္ကဋ္ဌသည် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် မြင့်မိုရ်လွင်တည်ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသော ဝါးခရာကျေးရွာရေရရှိရေး၊ အမြင့်တင်ရေပေးဝေရေးစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် လုပ်ဆောင်မည့် လျိုပိတ်ဆည်(တစ်ဖက်ပိတ်ဆည်) တည်ဆောက်မည့်နေရာအခြေအနေနှင့် အကျယ်အဝန်း၊ ရေသိုလှောင်နိုင်မည့်ပမာဏ၊ ကျေးရွာမှမြေနေရာပေးထားမှု စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ နောင်ခုံကျေးရွာ၌ နွေရာသီတွင် သောက်သုံးရေအလုံအလောက်ရရှိရန် ရေကန်များပြန်လည်ဆယ်ယူတူးဖော်ရေးနှင့်ပတ်သက်၍ တင်ပြထားသော ရေကန်များကို သွားရောက် ကြည့်ရှုပြီး တူးဖော်ရန်ဖြစ်နိုင်သည့် ရေကန်နေရာကို ရွေးချယ်ခဲ့ပါကြောင်း၊ နောင်ခုံးရေကန်အား လာမည့်နွေရာသီရေလျော့နည်းချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
နဂါ့ခွန်
Like On Facebook
Follow On Twitter
Subscribe On RSS