Monday, January 23, 2017

အခြေခံအာဟာရနှင့်ပံ့ပိုးကူညီခြင်း ကျွမ်းကျင်မှုဆရာဖြစ်သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်





တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးရှိစည်းဝေးခန်းမတွင်း AVSI နှင့်ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့များမှ ဦးဆောင်ကာ ၂၀၁၇၊ ဇန်န၀ါရီ (၂၃)ရက်နေ့တွင် အခြေခံအာဟာရနှင့် ပံ့ပိုးကူညီခြင်း ကျွမ်းကျင်မှုဆရာဖြစ်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက် ဥက္ကဋ္ဌ ဖြားခွန်အောင်ခင်မှ အဖွင့်အမှာ စကားနှင့်ပါရမီဖွံ့ဖြိုးရေးကွန်ယက် နောက်ခံသမိုင်းကြောင်းကိုပြောကြားခဲ့ပြီးတောင်ကြီးခရိုင် စိုက်ပျိုးရေးမန်နေဂျာ ဆရာဦးဇော်ဝင်းထွန်းမှ အခြေခံအာဟာရနှင့် ပံ့ပိုးကူညီခြင်းကျွမ်းကျင်မှု ဆရာဖြစ်သင်တန်းတက်ရောက်သူတို့အား အားပေးစကားပြောကြားခဲ့ပါသည်။

ထို့နောက် LEARN Project တွင် Deputy Program Manager အဖြစ် တာဝန်ထမ်းဆောင်သော Dr. Saw Eden မှ Learn စီမံချက်အကြောင်းမိတ်ဆက်ပေးခြင်း၊ AVSI နောက်ခံသမိုင်းကြောင်းအကျဉ်းကို Italy Coorportation မှ Ms.Michela က ပြောကြားခြင်း၊ သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို AVSI Foundation Myanmar တွင် Country Direatorအဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာမနန်းဆွေဆွေအေးမှ ပြောကြားခြင်း၊ အမှတ်တရ Group Photo ရိုက်ကူးခြင်းအစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။

ဤသင်တန်းကို ဇန်န၀ါရီ(၂၃)ရက်မှ (၂၇)ရက်ထိ ငါးရက် ပြုလုပ်မည်ဖြစ်ပြီး သင်တန်းသူ/သား(၂၅)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

ခွန်ဓဇ
Powered by Blogger.