Sunday, January 22, 2017

ညိုးမွူးကျေးရွာ အမက ၂၀၁၅ -၂၀၁၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်






တောင်ကြီးမြို့နယ်၊ ထီဖေါင်းကျေးရွာအုပ်စု၊ ညိုးမွူးကျေးရွာ အခြေခံပညာမူလတန်းကျောင်း ၂၀၁၅ -၂၀၁၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ကိုယ်ထူကိုယ်ထ ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇၊ ဇန်န၀ါရီ (၂၂)ရက်၊ မနက် (၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဒေါ်နန်းရှန်စိန်၊ မြို့နယ် ဒုပညာရေးမှူး ဦးအောင်မျိုးလှိုင် တို့မှ အဖွင့်စကားနှင့်အမှာစကားများ ပြောကြားခဲ့ပြီးနောက် စာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး  ညိုးမွူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်း၊ ဇာတိမာန်၊ မြတ်ဆရာသီချင်းများဖြင့် သီဆိုဂုဏ်ပြုခြင်း၊ ပညာရေးကောလိပ်မှ ဆရာကြီးဦးသိန်းရွှေစသည့် သက်ဆိုင်ရာပုဂ္ဂိုလ်များမှ အမှာစကားပြောကြားခြင်း၊ ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်း၊ ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ပြေး၊ ခုန်၊ ပစ် အားကစားပြိုင်ပွဲ  မ-မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် တတိယဆုရရှိသူ စတုတ္ဃတန်းမှ နန်းသီကျူးအား ဆုချီးမြှင့်ခြင်းနှင့် အကပဒေသာဖျော်ဖြေရေးအစီစဉ်များ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အစိုးရဌာနဆိုင်ရာပုဂ္ဂိုလ်များ ၊ ဒေသခံလူထုများနှင့်ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ တက်ရောက်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ
Powered by Blogger.