Sunday, January 29, 2017

ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာတွင် ဒေသခံမိဘပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်






ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရောက်ရှိနေသောဒေသဦးစီးဥက္ကဌနှင့်အဖွဲ့သည် ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ(၂၉)ရက်၊ တနင်္ဂနွေနေ့၌ မင်းဘူးကျေးရွာအုပ်စုမင်းဘူးဘုန်းတော်ကြီးကျောင်းတွင် ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဦးစွာပထမ ကြွရောက်လာကြသောလူကြီးမင်းများနှင့် ဒေသခံမိဘပြည် သူများကမင်းဘူးဆရာတော်ထံမှ ငါးပါးသီလနှင့် သြ၀ါဒများ နာယူခဲ့ကြပါသည်။

ထို့နောက် ဒေသခံကအဖွင့်အမှာစကားပြောကြားပြီးဆက်လက်၍ ဒေသဦးစီး ဖြားခွန်စံလွင်၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှဆန်းတို့ကအသီးသီးအမှာစကားပြောကြားခဲ့သည်။ ထိုသို့ ဒေသဦးစီးဥက္ကဌအမှာစကားပြောကြားရာတွင် ဒေသခံများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာတွင် နယ်စပ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်း(NGO)နှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဖွံ့ဖြိုးရေးနှင့် လူနေမှုဘ၀မြှင့်တင်ရန်အတွက် ဖွံ့ဖြိုးရေးအခြေခံဖြစ်သောလမ်း၊ တံတား၊ ရေ၊ မီး၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေး၊ ဆေးပေးခန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးသင်တန်းကျောင်းများ၊ အရင်းအနှီးများ၊ ကုန်ဈေးနှုန်းဈေးကွက် ရရှိအောင် ဆောင်ရွက်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးနေပါကြောင်း၊ ခေတ်နှင့်လျှော်ညီစွာ ဘွဲ့ရပညာတတ်အသိပညာရှင်များမွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ အစိုးရ၀န်ထမ်းများအဖြစ် နိုင်ငံ့တာဝန်ထမ်းဆောင်စေလိုကြောင်း၊ ပညာရေးကိုအနှောက်အယှက်ပေးစေသော မူးယစ်ဆေးဝါးများပပျောက်ရန်အတွက် လူထုအားနှင့် ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်မှုရှိမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဒေသခံပြည်သူ (၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ခွန်ဒဒါဒါး
Powered by Blogger.