Sunday, January 29, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက္ကချားကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် Piti Teacher Network (PTN) တို့ ပူပေါင်းဖွင့်လှစ်သော English Four Skills သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၀) ရက်












၂၀၁၆  ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့မှ စတင်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက္ကချားကျေးရွာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နှင့် Piti Teacher Network (PTN)တို့ ပူပေါင်းဖွင့်လှစ်သော English Four Skills သင်တန်းသည် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၉)ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ပြီး သင်တန်းဆင်ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် အုပ်ချုပ်ရေးမှူး ဦးခွန်ဖြူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အ.ထ.က ကျောက္ကချား ကျောင်းအုပ်ဆရာကြီး ဦးအောင်သိန်းထွန်းမှ “မိမိတို့ ကျောင်းတွင် English Four Skills သင်တန်လာဖွင့်ပေးသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ သင်တန်းလာဖွင့်ပေးသည့် အချိန်မှစ၍ မိမိတို့ကျောင်းရှိ ကျောင်းသား/သူ တို့၏ English စွမ်းရည်များ၊ စိတ်ဝင်စားမူများ သိသိသာသာ တိုးတက်လာကြောင်း၊ ယခုခေတ်တွင် English ဘာသာစကားသည် နိုင်ငံတကာသုံးဘာသားစကား ဖြစ်သည်နှင့်အညီ ဆက်လက်ပြီး၍လည် လေ့လာစေလိုကြောင်း၊ နောင်နှစ်များတွင်လည် လာရောက်ဖွင့်လှစ် စေလိုကြောင်း” စသည်တို့ကို ပြောကြားခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်မှ “မဲုင်ကောင်းကျေးရွာ အုပ်စုသည် မိမိတို့ပအိုဝ်းခေါင်းဆောင်များ နေထိုင်ခဲ့ဖူးသော နေရာဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုးတို့၏ သမိုင်းအဆက်ဆက် ပညာရေးဖြတ်သန်းလာပုံများ၊ ၊ “ပညာမြှင့်မှ လူမျိုးတင့်မည်” ဟူသော ဆောင်ပုဒ်အတိုင်း မိမိတို့လူမျိုးဂုဏ်မြှင့်တင်နိုင်ရန်အတွက် ပညာကို ကြိုးစားသင်ယူရမည်ဖြစ်ကြောင့် ပညာရေး၏ အရေးကြီးပုံ”  တို့ကို  ပြောကြားခဲ့ပါသည်။
ဆက်လက်၍ Piti Teacher Network (PTN) ဥက္ကဋ္ဌဆရာခွန်ကြည်မှ “English Four Skills သင်တန်းဖွင့်လှစ် ရခြင်းအကြောင်း၊ Piti Teacher Network (PTN) ဖွဲ့စည်ရခြင်း အကြောင်း၊ “ပညာရွှေအိုး လူမခိုး” ဟူသော ဆောင်ပုဒ်အတိုင်း စည်းစိမ်ဥစ္စာသည် ကုန်ဆုံးပျက်စီးတက်ပြီး ပညာရွှေအိုးသည် သောက်သုံး၍ မကုန်နိုင်သော အရာဖြစ်ကြောင်း” စသည်တို့ကို ပြောကြားခဲ့ပြီး၊ ဒေသခံ ရပ်မိရပ်ဖ ဦးခွန်သိန်းမောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အဆိုသင်တန်းဆင်းပွဲတွင် အကဖြင့်ဖျော်ဖြေခြင်း၊ ကျောင်းသား/သူများမှ အင်္ဂလိပ် သီချင်းသီးဆိုခြင်း၊ English Conversation ပြုလုပ်ခြင်း၊ English Four Skills ပထမ၊ ဒုတိယ၊ တတိယ ဆုရ ကျောင်းသား/သူများ ဆုပေးအပ်ခြင်း၊ Piti Teacher Network (PTN) အဖွဲ့နှင့် ဒေသခံများ သီချင်းဆိုခြင်း စသည်တို့ကို ကျင်ပခဲ့ပြီး သင်တန်းဆင်ပွဲတွင် တာဝန်ရှိပုဂ္ဂိုလ်များ၊ Piti Teacher Network (PTN) အဖွဲ့၊ ကျောင်းသား/သူများ၊ ဒေသခံ ရပ်မိရပ်ဖများ (၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

KAMyo(Ozil)

Powered by Blogger.