တောင်ကြီး၊၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်
၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်၊ ကြာသပတေးနေ့၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ပထမရက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကျင်းပကြောင်း သိရှိရပါသည်။
အဆိုပါအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၁၃၅) ဦးရှိသည့်အနက် (၁၁၇) ဦးတက်ရောက်ပြီး ခွင့်ပျက်ကွက်သူ (၁၈) ဦးရှိပြီး တက်ရောက်သည့်ကိုယ်စားလှယ် (၈၆.၆၇%) ထက်ဝက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်း၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ပြည်သူလူထု၏ အသံ၊ ပြည်သူလူထု၏ဆန္ဒ၊ ပြည်သူလူထု၏ မျှော်လင့်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဖေါ်ဆောင်နိုင်ကြပါစေကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၁၆-၂၀၁၇ခုနှစ် ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ဒီလွှတ်တော်အစည်းအဝေးတွင် တင်ပြပြီး လွှတ်တော်၏အဆုံးအဖြတ်ကို ရယူသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်များ ပေးပို့ထားသည့် ကြယ်ပွင့်ပြမေးခွန်းများအနက် ဒီဇင်ဘာလ (၂၆) ရက်နေ့အထိ လက်ခံရရှိသည့်မေးခွန်းပေါင်း (၃၁) ခုရှိပြီး အဆို(၁)ခုရှိကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပထမရက်နေ့ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းစုစုပေါင်း (၁၂)ခုရှိပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား (၉.၁.၂၀၁၇) ရက်၊ တနလာင်္နေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာအုပ်စုသည် လူဦးရေများပြားလာသည့်အတွက် ဒေသခံလူထု၏ တောင်းဆိုတင်ပြချက်အရ ဒေသခံပြည်သူလူထုအကျိုးရှိလာစေရန် ငါးအိုး ကျေးရွာအုပ်စုအား မြို့ပြအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အဆိုကို (၆.၁.၂၀၁၇) ရက်၊ သောကြာနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခမ်းမျင်းမိုရ်
Like On Facebook
Follow On Twitter
Subscribe On RSS