Wednesday, January 4, 2017

ဟိုပုံးမြို့၌ ၂၀၁၇ ခုနှစ် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၅) ရက်





ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ကျောက်တိုင်းကွင်း၌ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်န၀ါရီလ (၄) ရက် နံနက် (၄) နာရီ ၂၀မိနစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့မရဲစခန်းမှူးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်အပြည့်လွှင့် ထူးပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကာ နိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် (၆၉) နှစ်မြောက်လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ပွဲအခမ်းအနားကို နံနက် (၇) နာရီတွင် အထက(၁) ကျောင်းခန်းမ၌ကျင်းပရာ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ ပေးပို့သော သ၀ဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ဖတ်ကြားသည်။

ဆက်လက်၍ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် အထက်တန်း/အလယ်တန်း/ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကြကြောင်း သိရှိရသည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ဆက်ဦးစီးဌာန ထုတ်ဝေသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား၊ လက်ကမ်းစာစောင်များ ဖြန့်ဝေကြောင်းသိရှိရသည်။

နန်းဦးခမ်း(ဟိုပုံး)

Powered by Blogger.