အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ပြန်ကြားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းဦးခမ်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် တတ်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေ၀ါသနာရှင်များမှ ပြသထားသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြခန်းနှင့် စာအုပ်ပြပွဲများကို လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။
အဆိုပါစာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြခန်းများတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယသမ္မတတို့၏ပြည်တွင်းပြည်ပ ခရီးစဉ် မှတ်တမ်းဓါတ်ပုံများ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးမှတ်တမ်းများနှင့် ဒေသဦးစီးဥက္ကဋ္ဌတို့၏ နယ်မြေကွင်းဆင်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ ပြသထားခြင်း၊ စာအုပ်ပြပွဲတွင် သုတ၊ ရသ၊ စာပေများ၊ ကလေးစာစောင်များ၊ နိုင်ငံတော်ပြန်တမ်းများ ခင်းကျင်းပြသထားကာ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ပြီး (၄.၁.၂၀၁၇) မှ (၆.၁.၂၀၁၇) ထိ ပြသသွားမည်ဖြစ်ကြောင်းသိရှိရသည်။
နန်းဦးခမ်း (ဟိုပုံး)
Like On Facebook
Follow On Twitter
Subscribe On RSS