ဆက်လက်၍ ကြွရောက်လာကြသောဧည့်ပရိသတ်များနှင့် အလှူ့ဒါယာကာဒါယိကာမများအား အေးသာ ယာကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတ၊ မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တ ကောသိယထံတွင် သရဏဂုံသုံးပါးနှင့် ငါးပါးသီလခံယူပြီးနောက် မင်းကွန်း- ဥတ္တရာရုံပရိယတ္တိစာသင်တိုက် နာယကဆရာတော် မဟာဂန္ထ၀ါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထ၀ါစက ပဏ္ဍိတ၊ ဘဒ္ဒန္တ ပညာသီရိ၊ အေးစေတီ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ လက္ခဏာသာမီဘိဝံသ၊ ပအိုဝ်းဓမ္မကထိက အတွင်းရေးမှူး ဘဒ္ဒန္တ စန္ဒာဝရ (သာသနသတက္ကသီလ ဓမ္မာစရိယ၊ သာသနာ့တက္က သီလမဟာဓမ္မာစရိယ(M.A Buddhism)တို့ထံမှ သြ၀ါဒခံယူခဲ့ပြီး ဤပအိုဝ်းဓမ္မကထိကသင်တန်းမှသည် နောင်လာ နောင်သား ဘုရားသားတော် ရဟန်းသံဃာများနှင့် လူဓမ္မကထိကများစဉ်ဆက်မပြတ် ဗုဒ္ဒ၏အဆုံးအမတော်အောက်တွင် မြေ၀ယ်မကျနာယူတင်မက သင်တန်းပြီးဆုံးပါက ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသတွင် ပြန်လည်အသုံးချစေရန်အလို့ငှာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။
ပအိုဝ်းဓမ္မကထိကသင်းတန်းမှ သင်တန်းသား ရဟန်းတော် ၁၁၂-ပါး၊ လူဓမ္မကထိက ၂၁ဦး တက်ရောက်ကာ ပြာသိုလဆုတ်(၁၁)ရက်နေ့မှ တပို့တွဲလဆန်း(၆)ရက်နေ့အထိ သင်ကြားပို့ချမှာဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။
Buddha သားတော်
Like On Facebook
Follow On Twitter
Subscribe On RSS