Monday, January 9, 2017

တတိယနေ့ ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်



၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်၊ တနလာင်္နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ တတိယနေ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားများသည် လွှတ်တော်ကိုယ်စားလှယ် (၁၃၅) ဦးရှိသည့်အနက် လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၁၃) ဦးတက်ရောက်ပြီး တက်ရောက်သည့်ကိုယ်စားလှယ်ဦးရေ ထက်ဝက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်း၊ တတိယနေ့ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်မှ မေးမြန်းလာသည့် ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု ရှိကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးမှ ဆွေးနွေးရှင်းလင်းခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းကို လွှတ်တော်ကိုယ်စားလှယ်များက သဘောတူကြောင်း အတည်ပြုခဲ့ပါသည်။

ချယ်ရီခမ်း

Powered by Blogger.