၂၀.၁.၂၀၁၇ ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ပဆျားကြိုးကျေးရွာတွင် ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်အဖွဲ့ဝင်များ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဖော်ဆောင်မှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ပဆျားကြိုးကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလနှင့် သြ၀ါဒများခံပြီးနောက် ဗဟိုအလုပ်မှုဆောင် ဦးခွန်ချွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်အမှတ်(၂) ခွန်မောင်ပယ်၊ PNA-အသွင်ပြောင်းပြည်သူ့စစ်ဌာနေ တွဲဖက်ကွပ်ကွဲရေးမှူး(၂) ဦးခွန်လှမောင်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်တို့မှ ညီညွတ်ရာ ညီညွတ်ကြောင်းများ၊ အဖွဲ့အစည်းသာကွဲမည် သွေးမကွဲဖို့ရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တ၀င့် ဟောပြောခဲ့ပါသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စုရှိ ပဆျားကြိုး အထက်တန်းကျောင်း(ခွဲ)ဆရာ/များနှင့်ကျောင်းကော်မတီများတွေ့ဆုံခဲ့ရာ အသစ်ဆောက်လုပ်နေသော (၆၀×၃၀)ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုခဲ့ပြီး အသစ်ဖောက်လုပ်နေသာ လုံးဒါ-ပဆျားကြိုး ၁.၄ မိုင် ကတ္တရာလမ်းနှင့် နားသံကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်ဒေသစာသင်ကျောင်းများ၊ အသစ်ဖောက်လုပ် ပြီးသော မြေသားလမ်းများနှင့် ကျောက်ချောလမ်းများ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
နယ်;ကူ- ခွန်ဗီး
Like On Facebook
Follow On Twitter
Subscribe On RSS