Monday, January 16, 2017

ကမ္ဘာ့ဘဏ်နှင့် ပညာရေးဝန်ကြီးဌာန မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်သည့် Teacher Mentoring နှင့် School Cluster Support Program လုပ်ငန်းအစီအစဉ်နှင့် ပတ်သက်၍ မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်




ကမ္ဘာ့ဘဏ်နှင့် ပညာရေးဝန်ကြီးဌာန မိတ်ဖက်အဖွဲ့အစည်များပူးပေါင်းဆောင်ရွက်သည့် Teacher Mentoring နှင့် School Cluster Support Program လုပ်ငန်းအစီအစဉ်နှင့် ပတ်သက်၍ မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ အခမ်းအနားကို 16.1.2017 (တနလာင်္နေ့) နံက်(9.00)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ အ ထ က (၁)ကျောင်းအတွင်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးနန်းတင့် တတ်ရောက်ခဲ့ပြီး၊ ဟိုပုံးမြို့၊ မြို့နယ်ပညာရေးမှူး(တွဲဖက်တာဝန်) လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ငွေ မှ အဖွင့်အမှာ စကားပြေားကြားခဲ့ပါသည်။

အမှာစကား ပြောကြားရာတွင် ပညာရေးဝန်းကြီးဌာနအနေနှင့် ၂၀၁၆/၂၀၁၇ ပညာသင်နှစ် ကျောင်းအုပ်စုလုပ်ငန်းများ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက် ဟူ၍ ကမ္ဘာ့ဘဏ်နှင့် စီမံချက်များ ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်သည့် Teacher Mentoring နှင့် School Cluster Support Program အား ဟိုပုံးမြို့နယ်အတွင်းတွင် အောင်မြင်အောင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပညာရေးဝန်းကြီးဌာနမှ အခြေခံပညာရေးကဏ္ဍမှ ကျောင်းထောက်ပံ့ကြေးပေးသည့် အစီအစဉ်နှင့် အခြေခံကျောင်းများ၏ လုပ်ငန်းဆောင်ရွက်မှု၊ သင်ကြား/သင်ယူမှုများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် အဆင်ပြေစေရန်အတွက် ဘဏ္ဍအရင်းအနှီးများကို ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်ကြောင်း၊ ကျောင်းထောက်ပံ့ကြေးပေးသည့် အစီအစဉ် ကို ၂၀၁၄-၂၀၁၅-ပညာသင်နှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၆-၂၀၁၇-ပညာသင်နှစ် အထိ အခြေခံပညာကျောင်းပေါင်း (46461)ကျောင်း၊ ဘုန်းတော်ကြီးသင်းပညားရေးကျောင်းပေါင်း(1533)ကျောင်း၊ ပညာသင်ကျောင်းထောက်ပံ့ကြေးအဖြစ် မြို့နယ်ပေါင်း(55)မြို့နယ်၊ ကျောင်းသား/သူပေါင်း(156850) ဦးကို ထောက်ပံ့ပေးခဲ့ပြီဖြစ်ကြောင်း၊ ဟိုပုံးမြို့နယ် အသိသိရှိ တာဝန်ထမ်းဆောင်နေသော ဆရာအတတ်ပညာ လက်မှတ်မရရှိသေးသော/လုပ်သက်နုသောဆရာ/မများ၏ ဆရာ့အတတ်ပညာ အရည်အသွေးကောင်းမွန်စေရန် အတွက် ရည်ရွယ်သည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ပညာရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် မြို့၊အုပ်စု၊ ကျေးရွာများမှ နိုင်ငံတော်အဆင့်သို့ တိုးတက်အောင် သင်ကြား ပြသပေးလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမိုးဇင်အောင်မှ Teacher Mentoring နှင့် School Cluster Support Program -အစီအစဉ်လုပ်ငန်းကော်မတီနှင့် ဖွဲ့စည်းခြင်းများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် Teacher Mentoring နှင့် School Cluster Support Program မှ စီမံကိန်းအရာရှိ ဒေါ်ခင်မျိုး (Save The Children) မှလည်း စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသွားခဲ့ကြောင်းသတင်းရရှိပါသည်။

နန်းဗွာအစ် (ဟိုပုံး)

Powered by Blogger.