Sunday, February 12, 2017

အပြောနှင့်အလုပ်ညီပါစေ

တောင်ကြီ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်


လောကတွင် လူအတော်များများသည် အပြောလွယ်သလောက် တစ်ကယ့်လက်တွေ့တွင် ခက်ခဲသည်ကို သိရှိကြပါသည်။ ယနေ့မျက်မှောက်ခေတ်တွင် အဖွဲ့အစည်းကိုလည်းကောင်း၊ နိုင်ငံရေး သမားကို လည်းကောင်း၊ နိုင်ငံရေးသမားမဟုတ်သည့် ပြည်သူ့အကျိုးကိုသယ်ပိုး ဆောင်ရွက်နေသည့် ပရဟိတသမားများကိုလည်းကောင်း ထိုသူတို့၏ လုပ်ဆောင်ချက်များကို အကောင်းမမြင်ဘဲ အဆိုးမြင် ၀ါဒဖြင့် ဝေဖန်တိုက်ခိုက်နေကြသည်ကို လူမှုကွန်ယက် Facebook စာမျက်နှာပေါ်နှင့် ပြင်ပပတ်ဝန်းကျင် တွင် တွေ့ရှိနေရသောကြောင့် အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်နေသူများအဖို့ အင်မတန် ၀မ်းနည်းစရာ ကောင်းပေသည်။
လောကတွင် အလွယ်ဆုံးအလုပ်သည် သူတစ်ပါးကို ဝေဖန်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ မဝေဖန်ရဟု မဆိုလိုပါ။ ဝေဖန်သည်ဟုဆိုရာ၌ ၁။ ကောင်းစေလိုသောစေတနာဖြင့် အပြုသဘောဆောင် သောဝေဖန်မှု၊ ၂။ ကဲ့ရဲရှုတ်ချလိုသောမကောင်းသောစိတ်ထားဖြင့်ဝေဖန်မှုဟူ၍ နှစ်မျိုးရှိရာတွင် အပြု သဘောဆောင်သော ဝေဖန်မှုမျိုးသည် နှစ်ဦးနှစ်ဖက်အကျိုးရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ သူတစ်ပါးကို ဝေဖန်မည်ဆိုလျှင် မိမိကိုယ်ကို ဦးစွာဆန်းစစ်သင့်ပါသည်။ ဟိုအဖွဲ့အစည်းအလုပ်မလုပ်လို့၊ ဟိုလူကြီး အလုပ်မလုပ်လို့ဆိုပြီး ဝေဖန်သူများအတွက်  မိမိသည် အမျိုးသားရေးအတွက်သော်လည်းကောင်း၊ ဘာသာ သာသနာ အတွက်သော်လည်းကောင်း၊ ရပ်ရေး ရွှာရေးကိစွရပ်များတို့တွင် သော်လည်းကောင်း] မည်မျှသော အတိုင်းအတာထိ ပူးပေါင်းပါဝင်လုပ်ကိုင်နေပြီလည်း}ဆိုသည်ကို စဉ်းစားရန်လိုအပ်ပါသည်။ သို့မှသာလျှင် မိမိ၏ဝေဖန်မှုသည် အရေးပါအရာမည်ဖြစ်သည်။ ဝေဖန်သူကိုယ်နိုက်က ရပ်ရေးရွှာရေးကိစွရပ်တို့တွင် လည်းကောင်း၊ အမျိုးသားရေးကိစွရပ်တို့တွင်လည်းကောင်း }ဘာတစ်ခုမျှမယ်မယ်ရရမလုပ်ပဲ အားအား တိုင်း သူတစ်ပါး၏လုပ်ဆောင်ချက်များကို လိုက်လံဝေဖန်နေမည်}ဆိုလျှင် မိမိ၏ဝေဖန်မှုသည် အရေးမပါ အရာမရောက်သည့်အပြင် လ ကိုခွေးဟောင်သော်လည်း  လ သည်အရောင်မပြောင်းသည့် အဖြစ်မျိုးနှင့် တူပါလိမ့်မည်။
ဝေဖန်မှုအပြင် အချို့ပုဂ္ဂိုလ်များသည် လူရှေ့သူရှေ့တွင်လည်းကောင်း၊ လိုက်နာရန်စည်းကမ်း ချက်များ၊ လုပ်ငန်းတာဝန်ဝတ္တရားများကိုလည်း အားပါးတရဆွေးနွေးကြသည်ကို  တွေ့ရှိရပါသည်။ ထိုသို့ ဆွေးနွေးသည်ကို အားပေးထောက်ခံပါသည်။ သို့သော် အချို့ဆွေးနွေးသူများသည် အပြောသာရှိပြီး တစ်ကယ့်လက်တွေ့လုပ်တော့မည်ဆိုပါက  ဟိုအရေးဒီအရေးစသည့် အကြောင်းပြချက်များဖြင့် ချောင်ခို နေကြသည်ကို နေရာတိုင်းတိုင်းလိုလိုတွင် တွေ့ဖူးကြလိမ့်မည်ဟု ထင်ပါသည်။ အပြောရှိပြီး အလုပ်မရှိလျှင် မသင့်တော်ပါ။ မိမိကိုယ်တိုင် အဆံအနှစ်ရှိအောင်အရင်လုပ်ပါ။ အဆံအနှစ်ဆိုသည်မှာ အမျိုးသားရေး၊ ဘာသာ သာသနာရေး၊ ရပ်ရေးရွှာရေးလုပ်ငန်းအပြင် စီးပွားရေးလုပ်ငန်းတို့ကိုဆိုလိုပါသည်။ မိမိတွင် ဤအလုပ်မျိုးရှိမှ သူတစ်ပါးကိုဝေဖန်စေလိုပါသည်။ သို့မှသာလျှင် အပြောနှင့်အလုပ်ညီမည်ဖြစ်ကြောင့် တင်ပြလိုက်ရပါသည်။

        မေတ္တာဖြင့်    
ခွန်ဗေခြောင် လေမော်ဟေ့

Powered by Blogger.