Saturday, February 11, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၊ အမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦခွန်မောင်ဖြူမှ ကျောက်ချောလမ်းဖောက်ရန်အတွက် ဒေသခံရပ်မိရပ်ဖများနှင့် တွေဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူမှ ကျောက်ချောလမ်း၊ တံတား ဖောက်လုပ်ရန်အတွက် ဟိုပုံးမြို့နယ်၊ တိလုံကျေးရွာအုပ်စု၊ နောင်ကွင်ကျေးရွာ ဒေသခံရပ်မိရပ်ဖများနှင့်တွေ့ဆုံပွဲးအခမ်းအနားကို နောင်ကွင်ဘုန်းတော်ကြီးကျောင်း၌ ၁၁-၂-၂၀၁၇ ခုနှစ် နံက် (၁၀း၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ဦးစွာပထမ နောင်ကွင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလနှင့် သြ၀ါဒခံယူပြီး ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ပအိုဝ်းအမျိုးသားတပ်မတော်၊ အသွင်ပြောင်းပြည်သူ့စစ်ဌာနေ (PNA)၊ မြင့်မိုရ်တိုင်း တိုင်းမှူးဦးခွန်ညွှန်းနှင့် တိလုံကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်ယေ တို့မှ တတ်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။ ထိုနောက် ဟိုပုံးမြို့နယ်၊ အမှတ်(၁)ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူမှ လမ်းကော်မတီဖွဲ့စည်းခြင်း၊ နမ်းပေါ်ဟွန်းမှ နောင်ကွင်၊ နောင်ကွင်မှ သက်သာ သွားရာလမ်းကို ကျောက်ချောလမ်း ဖောက်လုပ်ရန်နှင့် တံတာတည်ဆောက်ရန်းအတွက် ကွင်းဆင်းလည့်လှည် ကြည့်ရှူခဲ့ကြောင်း သတင်း ရရှိပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.