Wednesday, March 29, 2017

ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆောက်အဦး(အသစ်)ဖွင့်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၉) ရက်





တောင်ကြီးမြို့(၄)မိုင် တောင်ကြီး-ဟိုပုံးကားလမ်းဘေးတွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦး(အသစ်)ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇-ခုနှစ်၊ မတ်လ(၂၉)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးကြောင်း သိရှိရပါသည်။

ရှေးဦးစွာ ရတ္တနာ(၃)ပါး ဆရာတော်သံဃာတော်အရှင်မြတ်များအား ဆွမ်းခဲဘွယ်များကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်နယ်စပ်ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ရှမ်းပြည်နယ်၊တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ အတွင်းရေးမှုနှင့် အဖွဲ့ဝင်များ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ အတွင်းရေးမှူး(၃) ဖြားခွန်တင်ထွဋ်နှင့် အခြားနိုင်ငံရေးပါတီများ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များတို့က လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေ၍ ကြွရာက်အားပေးကြသော ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပြီး ရှမ်းပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံး (အသစ်)ဖွင့်ပွဲကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ 
Powered by Blogger.