Monday, March 27, 2017

မူလတန်းကြို ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၇) ရက်






ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု၊ စငေါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဂျပန်နိုင်ငံမှ JAMAHA အဖွဲ့ဝင် အလှူရှင်များဖြစ်သော Mr. KEI MATSUURA, MITAKE Co.,Ltd နှင့် ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်ဆောက်လုပ်ခဲ့သော မူလတန်းကြို ကျောင်းဆောင်သစ်( ၄၀×၃၀×၁၅)ကို ပညာရေးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ ကျင်းခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဂျပန်နိုင်ငံမှ JAMAHA အဖွဲ့ဝင်အလှူရှင်များသော Mr. KEI MATSUURA,    MITAKE Co.,Ltdမှ ဖဲကြိုးဖြတ်ဖွင့်လစ်ပေးကာ ဟိုပုံးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူး ကိုယ်စားလှယ်တစ်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးရွာနှင့် အလှူရှင်တို့ဆောက်လုပ်ထားသော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ JAMAHA အလှူရှင်အဖွဲ့မှ ကျောင်းဆောင်သစ်အတွက်နှင့် ကျောင်းသား/သူများအတွက် သင်ထောက်ကူပစ္စည်းလှူဒါန်းခဲ့ပါသည်။
ထို့အပြင် အလှူရှင်တို့၏ မွန်မြတ်လှစွာသော စေတနာသဒ္ဒါတရားကို ဂုဏ်ပြုသောအနေဖြင့် စငေါ အ.ထ.က(ခွဲ) ကျောင်းသား/သူများမှ တိုင်းရင်းသားအကများဖြင့် ဖော်ကျူးကပြခဲ့ပြီး ဒေသခံမိဘပြည်သူများ(၂၀၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

နယ်;ကူ - ခွန်ဗီး

Powered by Blogger.