Monday, March 27, 2017

နောင်ကားမှီးကျေးရွာတွင် မူလတန်းကြိုကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၈) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်(ခွဲ)၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နောင်ကားမှီးကျေးရွာတွင် ၂၀၁၇ခုနှစ်၊ မတ်လ(၂၇)ရက်၊ တနလာင်္နေ့၌ မူလတန်းကြိုကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

၎င်း မူလတန်းကြိုကျောင်းကို ၂၀၁၆ - ခုနှစ်တွင် ဂျပန်နိုင်ငံ (JAMAHA) မှ အလှူရှင် Mr.Mrs. Matsyda တို့က သိန်း(၈၀)လှူဒါန်းပေးခဲ့ပြီး ဒေသခံပြည်များက (၆၆)သိန်း စိုက်ထုတ်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ၄င်းကျောင်းမှာ အလျားပေ(၄၀x၃၀)ရှိပြီး အနံ(၁၅)ပေ ရှိကြောင်း သိရှိရပါသည်။

အဆိုပါ ပြုလုပ်သော ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ဂျပန်နိုင်ငံ (JAMAHA) (NGO)မှ အလှူရှင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပင်လောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ အဆိုပါ ကျောင်း ဖြစ်မြောက်ရေးအတွက် ကူညီပေးသော ပါရမီလူမှုဖွံ့ဖြိုးရေးကွန်ယက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံမိဘ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ထိုသို့ တက်ရောက်လာသော လူကြီးမင်းများက ဒေသခံများက တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်းသိရှိရပါသည်။

နဂါ့ခွန်
Powered by Blogger.