Friday, March 24, 2017

Treasure For Life Health Care Foundation မှ ဦးစီးကျင်းပသော အသည်းကျန်းမာရေး ဟောပြော ဆွေးနွေးပွဲ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မတ်လ (၂၄) ရက်





(၂၄-၃-၂၀၁၇)ရက်နေ့၊ သောကြာနေ့၊ ရွှေသူဌေးကုန်း-ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးမြို့ စူဠာမုနိပရိယတ္တိစာသင်တိုက် သဒ္ဒမ္မဇောတိကဓဇ၊ မဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဂုဏ၀ံသာ လင်္ကာရ(ဓမ္မာစရိယ) အားအမှူးထား၍ Treasure For Health Care Foundation မှ ဦးစီးကျင်းပသော ပထမအကြိမ် ကုသိုလ်ဖြစ် အသည်းရောင်၊ B ပိုး၊ C ပိုး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းနှင့် အသည်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ စူဠာမုနိဆရာတော်ဘုရားထံမှ သီးလပေးတရားတော်နှင့် သြ၀ါဒစကားမြွက်ကြားခြင်း၊ Treasure For Life Health Care Foundation မှ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါ်ထူးထူးအောင်မှနှုတ်ခွန်းဆက်စကားပြောကြားကာ Treasure For Life Health Care Foundation ၏ ကျန်းမာရေးအကြံပေးဆရာဝန် ဒေါက်တာဇေယျာအောင်မှ အသည်းရောင်၊ ဘီပိုး စီပိုးနှင့် အသည်းကျန်းမာရေးကို အကျယ်တ၀င့်ရှင်းလင်းတင်ပြခဲ့ပြီး လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းခြင်းနှင့် Treasure For Health Care Foundation ၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နယ်;ကူ- ခွန်ဗီး

Powered by Blogger.