Sunday, April 2, 2017

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်(၈)မြို့နယ်ရှိ ကျေးရွာပေါင်း(၁၂၀)ရွာတွင် ရွေ့ပြောင်းသွားလာ ခြင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၃) ရက်



Livelihood and Food Security and Trust Fund (LIFT) ၏ ရန်ပုံငွေဖြင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာခြင်းအဖွဲ့ (IOM) နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်တို့ ပူးပေါင်း ဆောင်ရွက်၍ ရွေ့ပြောင်း သွားလာခြင်းဆိုင်ရာလုပ်ငန်း တွဲလက်စီမံကိန်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)မြို့နယ် (၈)မြို့နယ်ရှိ ကျေးရွာပေါင်း (၁၂၀)ရွာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၇-ခုနှစ်၊ မတ်လ(၂၈)ရက်၊ အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံး၌ (IOM)၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်နှင့်   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်တို့ တွေ့ဆုံဆွေးနွေးမှုအရ  သိရှိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တွဲလက်စီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းဖြစ်သော ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်အပြင် တောင်ကြီးခရိုင်း အတွင်းရှိတောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့နယ် စုစုပေါင်း (၈)မြို့နယ်ရှိကျေးရွာ ၁၂၀ တွင် ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွဲလက်စီမံကိန်းဒါရိုက်တာဦးအောင်ခင်၏ တင်ပြချက် အရ သိရှိရသည်။

ထို့ပြင် စီမံကိန်းဒါရိုက်တာ ဦးအောင်ခင်က စီမံကိန်းကာလအတွင်းတွင် ရွှေ့ပြောင်းသွား လာခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဝေမျှခြင်း၊ ရွှေ့ပြောင်းသွားလာသူ၏ ကျန်ရှိသည့် မိသားစုဝင်များအား ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုနှင့် အခြေခံစီးပွားရေးသင်တန်းများ ပြုလုပ်ခြင်း၊ စီမံကိန်း မြို့နယ်အတွင်းရှိလူငယ် (၅၆၀)အား အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများ ဖြစ်သော (ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ LCCI၊ အသေးစားစက်ပြင်သင်တန်း၊ အပ်ချုပ်သင်တန်း၊ အလှပြုပြင်ရေး သင်တန်းနှင့် ပန်းရံ၊ လက်သမားသင်တန်းများကိုပံ့ပိုးပေးခြင်း၊ သင်တန်းပြီးမြောက်သည့် လူငယ်များကို လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းစသည့် လုပ်ငန်းများကိုအကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း  တင်ပြဆွေးနွေးခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၏ပြောကြားချက်အရ လက်ရှိရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ရွှေ့ပြောင်းသွားလာခြင်း ပြည်သူလုထုများသည် စိုက်ပျိုးထုတ်ကုန်များ ဈေးနှုန်းမတည်ငြိမ် ခြင်းကြောင့် အမှန်တကယ် ပြဿနာများ/အခက်အခဲများဖြစ်နေပြီး အမှန်တကယ်လည်း အကူအညီ လိုအပ်နေကြောင်း၊ ယခုလက်ရှိတွင် ဟိုပုံး၊ ဆီဆိုင်၊ တောင်ကြီးလွိုင်လင် စသည့်မြို့များတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေကြောင်း၊ အဆိုပါ တွဲလက်စီမံကိန်းသည် ၂၀၁၇ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နဂါ့ခွန်




Powered by Blogger.