Wednesday, April 5, 2017

ပင်လုံကျေးရွာရှိ ဒေသခံပြည်သူများ ကိုယ့်အားကိုယ်ကိုး (အမက)စာသင်ကျောင်း တည်ဆောက်နိုင်ရန် အုတ်မြစ်ချ ပန္နက်ရိုက် အခမ်းအနားပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၅) ရက်




တောင်ကြီးမြို့နယ်၊ နမ်းဟူးကျေးရွာအုပ်စု၊ ပင်လုံကျေးရွာတွင် ဒေသခံပြည်သူများ ကိုယ့်အားကိုယ်ကိုး (အမက)စာသင်ကျောင်း တည်ဆောက်နိုင်ရန်အတွက် ယနေ့ ဧပြီလ(၅-၄-၂၀၁၇)ရက် ဗုဒ္ဓဟူးနေ့ နံနက်(၉း၀၀)နာရီအချိန်၌ အုတ်မြစ်ချ ပန္နက်ရိုက် အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြပါသည်။

ထိုသို့ အုတ်မြစ်ချ ပန္နရိုက်ခဲ့ကြရာတွင် တောင်ကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်နှင့်အ ဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုသားအဖွဲ့(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ဆရာဘော်နှင့် ဦးအုန်းငွေ၊ နမ်းဟူးကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ခွန်ကျော်စိန်တို့နှင့် ဒေသခံရပ်မိရပ်များက တက်ရောက် အားပေးချီးမြင့်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုသားအဖွဲ့(PNO)၊ ဗဟိုဌာနချုပ်ရုံးရှိ ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ဆရာဘော်နှင့် ဦးအုန်းငွေ၊ နမ်းဟူးကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ခွန်ကျော်စိန်တို့က မင်္ဂလာရှိနံနက်အချိန်တွင် အုတ်မြစ်ချ ပန္နက်ရိုက်ပေးခဲ့ကြပြီး အမွေးနံသာရေများနှင့်  ပျက်ဖြန်းပေးခဲ့ကြပါသည်။

အဆိုပါ ပင်လုံရွာမှ ကိုယ့်အားကိုယ်ကိုး (အမက)စာသင်ကျောင်း တည်ဆောက်အောင်မြင်နိုင်ရန်အတွက် ဒေသခံပြည်သူများက ကျပ်သိန်း(၂၀၀)ကျော် မတည်လှူဒါန်းခဲ့ကြကာ ကျန်ရှိသည့် အပိုင်းကဏ္ဍများကို တောင်ကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဆရာဦးမြင့်အောင်နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ဦးအုန်းငွေ၊ ဆရာဘော်တို့က တတ်နိုင်သည့်အဘက်ဘက်မှ စေတနာအလှူရှင်များပေါ်ပေါက်လာစေရန် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမည်ဟု ၎င်းတို့ပြောကြားချက်အရ သိရသည်။

အဆိုပါ စာသင်ကျောင်းဆောင်သည် တစ်ထပ်ကျောင်းဆောင် အလျား ၉၀-ပေ၊ အနံ ၃၀-ပေ ရှိပြီး စာသင်ခန်း(၄)ခန်းနှင့် ရုံးခန်း(၁)ခန်း ပုံစံဖြင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ဗန်ထို
Powered by Blogger.