Tuesday, April 4, 2017

ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် မိဘပြည်သူတွေ့ဆုံပွဲ ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၄) ရက်








မိဘပြည်သူများ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်နှင့် ရင်းနှီးမှုပိုမိုရရှိစေရန် ရည်ရွယ်၍ ၂၀၁၇ခုနှစ်၊ ဧပြီလ(၄)ရက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဥာဏ်ပင်ကြီးဘုန်းတော်ကြီးကျောင်းတွင် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် မိဘပြည်သူတွေ့ဆုံပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်မောင်သောင်း၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်လှဆန်းနှင့်ခွန်စောအောင် ၊ စန္တားခမ်း ခမ်းဗွေး ဖြားခွန်ဂျိုးဇက်တို့က တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကြွရောက်လာသော လူကြီးမင်းများက ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ အကြောင်းအရာများ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အထွေထွေကဏ္ဍများ ဆွေးနွေးတင်ပြပြီး ဒေသခံပြည်သူများကလည်း မိမိတို့၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါတွေ့ဆုံပွဲသို့ ဒေသခံပြည်သူများ (၃၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နင်;တင်တင်ဦး

Powered by Blogger.