Thursday, May 11, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်မြို့နယ် လွယ်ပြား-နမ့်ပါ-ထာမော့ မြေသားလမ်း(၃/၀)မိုင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၁) ရက်





















၂၀၁၇-ခုနှစ်၊ မေလ(၁၁)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၆/၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရံပုံငွေဖြင့် ဆောင်ရွက်သည့် လွယ်ပြား-နမ့်ပါ-ထာမော့ မြေသားလမ်း(၃/၀)မိုင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ လမ်းဖွင့်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ၀န်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဖြားခွန်စံလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ (လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမှသာ ဒေသခံရွာသူ/သားများ ကုန်သွယ်မှုအဆင်ပြေ လာမည်ဖြစ်၍ ယခုလို လမ်းဖောက်ပေးခြင်းသည် ဒေသခံမိဘပြည်သူများ လျှောက်ဖို့ရန်အတွက်ဖြစ်ပြီး၊ လမ်းကောင်းရရုံနှင့် မပြီးသေး၍ စိုက်ပျိုးရေးပါအဆင်ပြေမှသာ မိဘပြည်များ လူနေမှုဘ၀ အဆင်ပြေလာမ ည်ဖြစ်ကြောင်း၊ ဒီလိုလမ်းရလာဖို့ရန်အတွက် မိမိတစ်ဦးတစ်ယောက်ဖြင့် လုပ်ဆောင်ရန် မလွယ်ကူ သောကြောင့် မိဘပြည်သူများအနေဖြင့် လက်တွဲဖေါ်ဆောင်ရမည်ဖြစ်ကြောင်း)၊ ထို့အပြင် ဒီလိုရဖို့အတွက် ဒေသဦးစီးအဖွဲ့နှင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဋ္ဌာနနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့ ပူပေါင်းပြီး လက်တွဲဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားပါသည်။ ယခုလမ်းသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရံပုံငွေ ၆၂.၁၁၈သန်းဖြင့်ဆောက်လုပ်ခဲ့ပြီး၊ စတင်ဖောက်လုပ်ပေးသည့်ရက်မှာ ၇-၁၀-၂၀၁၆ဖြစ်ပြီး ၁၅-၂-၂၀၁၇ ခုနှစ်တွင်အောင်မြင်ပြီးစီးခဲ့ကြောင်းသိရှိပါသည်။

နယ်;ကူ- ခွန်ဗီး

Powered by Blogger.