Tuesday, May 9, 2017

ကျောက်တလုံးမြို့မှ ပင်တွန်ကျေးရွာသို့ (၈)မိုင် ၄ဖါလုံ ကတ္တရာလမ်းခင်းနိုင်ရန်အတွက် ဒေသခံမိပြည်သူများနှင့်တွေ့ဆုံ

တောင်ကြီး၊၂၀၁၇ ခုနှစ်၊ မေလ (၉) ရက်





တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ နောင်ဟိုင်းကြီးဘုန်းတော်ကြီးကျောင်း၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဖြားတန်ခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားတန် ခွန်သိန်းဖေ၊ တောင်ကြီးမြို့နယ် မဲဆန္ဒအမှတ်(၁) ဖြားခွန်သူရအောင် တို့မှ ၂၀၁၇ ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားတန်ခွန်သိန်းဖေမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဖြားတန်ခွန်စံလွင်မှ လမ်းနှင့်ပတ်သက်ပြီး အကျယ်တ၀င့်ပြောကြားပေးခဲ့ပါသည်။ ကျောက်တလုံးကြီး ပင်တွန်လမ်း(၈)မိုင်(၄)ဖါလုံ သည် ကျောက်ချောလမ်းအနေဖြင့် ဘတ်ဂျတ်ကျပြီးဖြစ်သော်လည်း မိမိတို့အနေဖြင့် ကတ္တရာ နှစ်လွှာဖြင့် ခင်းပေးသွာမည်ဖြစ်ပြီး လမ်းအကျယ်ကိုလည်း  ပေ(၃၀)ကျယ်အောင် ချဲ့ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံမိဘပြည်အနေဖြင့် ကတ္တရာကြိုရန်အတွက် ထင်းထုပ်ပေးရန်နှင့် ကော်မတီဖွဲ့ပြီး ၀ိုင်းဝန်းစောင့်ရှောက် ပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ကျောက်တလုံး ထီခေါင်းလမ်းမှာလည်း မြေသားလမ်းအဖြစ် ဘတ်ဂျတ်ပါလာပြီဖြစ်ကြောင်း ဘတ်ဂျတ် နှာထိုလမ်းအတွက်ကျခြင်းဖြစ်ပြီး အဆိုပါလမ်းမှာ  ကတ္တရာလမ်းဖြစ်ပြီးသဖြင့် ထီခေါင်းလမ်းသို့ ပြောင်းရွှေ့ ပေးရန် တင်ပြခဲ့ကာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထီခေါင်းလမ်းမှာ (၈)မိုင်နှင့် (၃)ဖာလုံအတွက်သာ ရရှိမည်ဖြစ်ကြောင်း၊ ကျန်ရှိသော(၂)မိုင်ကို ဒေသဦးစီးနှင့် ဒေသခံမိဘပြည်သူများပူးပေါင်းပြီး ရွာအထိ ခင်းပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကေအေတီ

Powered by Blogger.