Monday, May 15, 2017

IOM နှင့် PDN တို့မှ ပူးပေါင်းဆောင်ရွက်သော တွဲလက်စီမံကိန်းနှင့် ပတ်သက်ပြီးရှင်းလင်းတင်ပြ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၆) ရက်





ကမ္ဘာ့ရွှေ့ပြောင်းလုပ်သားများဆိုင်ရာအဖွဲ့ (IOM) နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) တို့ပူးပေါင်းပြီး (LIFT) အဖွဲ့၏ ဘဏ္ဍာရေးထောက်ပံ့မှုဖြင့် ပူးပေါင်းဆောင်ရွက်သော တွဲလက်စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်သူလူထုများနှင့် အုပ်ချုပ်ရေးမှူးများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ (၁၆) ရက်၊ နံနက် (၉း၃၀)အချိန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရပါသည်။

အဆိုပါရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ (IOM) နှင့် (LIFT) အကြောင်းအကျဉ်းချုပ်ကို ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) ဥက္ကဋ္ဌဖြားခွန်အောင်ခင်က ရှင်းလင်းတင်ပြခဲ့ပြီး ပါရမီဖွံ့ဖြိုးရေးကွန်ယက် (PDN) ၏ နောက်ခံသမိုင်းအကြောင်းကို ပါရမီဖွံ့ဖြိုးရေးကွန်ယက် အတွင်းရေးမှူး ခွန်ချစ်ဦးက ရှင်းလင်းတင်ပြပေးခဲ့ကြောင်း၊ ယခုစီမံကိန်းနှင့်ပတ်သက်ပြီး တောင်ကြီးမြို့နယ်၊ ကျေးရွာအုပ်စု (၉) အုပ်စု၊ ကျေးရွာပေါင်း (၂၅) ရွာ မှ အိမ်ခြေ (၅၀) အထက်ရှိသော ရွှေ့ပြောင်းလုပ်သားများ (၂၀%) အထက်ရှိ ကျေးရွာကို စီမံကိန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုရွေးချယ်ထားသည့် ကျေးရွာများအား အတည်ပြုခြင်းနှင့်  တက်ရောက်မှုမရှိသောကျေးရွာများကို ကျေးရွာရှိ ပြည်သူလူထုများနှင့် သွားရောက်တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုစီမံကိန်းအခမ်းအနားကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာကိုယ်စားလှယ်များ တက်ရောက်သည့်ဦးရေ (၄၂) ဦးတက်ရောက်ဆွေးနွေးကြောင်းသတင်းရရှိပါသည်။

နန်းဆံထီ
Powered by Blogger.