Monday, May 15, 2017

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသော ဘောလုံးဒိုင်သင်တန်းနှင့် အခြေခံဘောလုံးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၆) ရက်





တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေကွင်း) တွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသော ဘောလုံးဒိုင်သင်တန်းနှင့် အခြေခံဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ (၁၅) ရက်၊ တနင်္လာနေ့၊ ညနေ (၄း၀၀) အချိန်တွင် ကျင်းပကြောင်းသိရပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု (ဗဟို) ဥက္ကဌ ဖြားခွန်ဝင်းကို မှ အဖွင့်အမှာစကားပြောကြားကာ နိုင်ငံတစ်နိုင်ငံဘဲဖြစ်ဖြစ်၊ ဒေသတစ်ခုဘဲဖြစ်ဖြစ်၊ လူမျိုးတစ်မျိုးဘဲဖြစ်ဖြစ် မိမိ၏လူမျိုး ဂုဏ်သိက္ခာမြှင့်တင်ဖို့၊ ထင်ရှားကျော်ကြားဖို့ ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့သည် အလွန်ပင်လိုအပ်ကြောင်း၊ မည်သည့်လူမျိုးမဆို ကြိုးစားအားထုတ်တတ်သည့် စိတ်ဓာတ်များရှိရန်လိုအပ်ကြောင်း၊ လူမျိုးတစ်မျိုးမပပျောက်အောင် လူမျိုးတစ်မျိုးတိုးတက်ဖွံ့ဖြိုးအောင်ဆိုသည်လည်း လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါရပ်နှင့်ပြည့်စုံရန်လိုအပ်ကြောင်း၊ နိုင်ငံတကာကလက်ခံသည့်အားကစားကို မိမိတို့ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ကြိုးစားအားထုတ်မှသာလျှင် အောင်မြင်မှုကိုရနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန်အတွက် အားကစားကဏ္ဍ၊ အားကစားထူးချွန်မှုများကိုလည်း ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ ဒီသင်တန်းပြီးသွားရင် မိမိတို့ဒေသရှိအားကစားဘောလုံးဝါဿနာရှင်များကိုလည်း ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဘောလုံးအသင်းချုပ် ဒိုင်ဆပ်ကော်မတီမှ ဒိုင်သင်တန်းနည်းပြဆရာ ခင်မောင်သန်းကိုလည်း ဘောလုံးဒိုင်သင်တန်းနှင့် အခြေခံဘောလုံးသင်တန်းအကြောင်း အကျဉ်းချုပ်ကိုလည်းရှင်းလင်းပြောကြားခဲ့ကြောင်း၊  ထိုသင်တန်းများသည် အခြေခံဘောလုံးသင်တန်းသား (၁၄၀) ဦး၊ ဒိုင်သင်တန်း (၂၈) ဦး စုစုပေါင်း သင်တန်းသားအားလုံးပေါင်း (၁၆၈) ဦး ရှိကြောင်း၊ ဒိုင်သင်တန်းနည်းပြဆရာ (၃) ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ကမ္ဘာ့အသိအမှတ်ပြုလိုင်စင်ရ အခြေခံဘောလုံးသင်တန်းနည်းပြဆရာ (၅) ဦး၊  ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဘောလုံးနည်းပြဆရာ (၈) ဦး ၊ ယခုနှစ်တွင် ပထမဦးဆုံးစတင်ကျင်းပပြီး နောက်နှစ်များသည်လည်း ဆက်လက်ကျင်းပရန် အစီအစဉ်ရှိကြောင်း၊ အဆိုပါသင်တန်းနည်းပြ (၁၆) ဦးတို့မှ ဦးဆောင်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် စာတွေ့ ၊ လက်တွေ့များပါ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နန်းအိနြေ္ဒခမ်း
Powered by Blogger.