အဆိုပါဘောလုံးကွင်းသည် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးများ အဆက်ဆက်က ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကွင်းဖြစ်ဖို့ အကောင်အထည်ဖော်ဖို့ စိတ်ဆန္ဒဖြစ်ပေါ်လာသည့်အတွက် နားဘောင်ဒေသ ဘက်စုံဖွံ့ဖြိုးရေးဥက္ကဌ ဖြားခွန်ဖြူနှင့် နားဘောင်ဖွံ့ဖြိုးရေးတာဝန်ခံ ခွန်ဝင်းအောင်တို့က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီများ၊ ဒေသခံမိဘပြည်သူများ၊ အလှူရှင်များတို့နှင့်ပူးပေါင်းပြီး ဘက်စုံဖွံ့ဖြိုးရေးအားကစားကွင်းကို တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၇-၇-၂၀၁၇)ရက်နေ့တွင် ကွင်းဖွင့်ပွဲနှင့် ပထမအကြိမ် ခွန်ဖြားဗွာခမ်း (ခမ်းဗွေ)ဖလား ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ကွင်းသစ်ဖွင့်ပွဲနှင့် ပထမအကြိမ်ဘောလုံးပြိုင်ပွဲကို ဖေါင်တော်ဆိုက်ကျေးရွာအုပ်စုမှ ဘောလုံးအသင်း (၈)သင်း၊ နောင်ကားကျေးရွာအုပ်စုမှ(၈)သင်း၊ ဖါမွန်းကျေးရွာအုပ်စုမှ(၈)သင်းစီသာ စတင်လက်ခံသွားမည်ဖြစ်ကြောင်း၊ ကွင်းဖွင့်ပွဲနေ့တွင် (၃)ပွဲ ကျင်းပသွားမည်ဖြစ်ပြီး၊ အခြားရက်များတွင် ပြိုင်ပွဲများကို တစ်နေ့လျင်(၄)ပွဲ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများကို (၇-၇-၂၀၁၇)ရက်နေ့မှစ၍ နားဘောင်ဈေးနေ့တိုင်း ကျင်းပသွားရမည်ဖြစ်ကြောင်း၊ အသင်းဝင်ကြေး၊ ဒါဏ်ကြေးအပါအ၀င် တစ်သင်းလျင်(၃၅၀၀၀)ကျပ် ပေးသွင်းရမည် ဖြစ်ကြောင်း၊ ပထမဆုရအသင်းကို ကျပ်ငါးသိန်း၊ ဒုတိယဆုရအသင်းကို ကျပ်သုံးသိန်းနှင့် ရံပုံငွေအခြေအနေအရ ဆုကြေးထပ်မံတိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ်ကွင်းကိုဆက်လက်အဆင့်မြင့်သွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းဒေသမျိုးဆက်သစ်လူငယ်များ အားကစားဝါသနာရှင်များစွာပေါ်ထွန်းလာအောင်ရည်ရွယ်ပြီး လာမည့်နှစ်မှပြီး အသင်းများကို တိုးပြီးဘောလုံးပြိုင်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ဖြားခွန်ဖြူ ပြောကြားချက်အရ သိရှိရပါသည်။
ခွန်ဖြားဗွာခမ်း (ခမ်းဗွေ)ဖလား ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေး ကောမတီများမှာ- ဖြားခွန်မြင့်အောင် ဥက္ကဌ၊ ဖြားခွန်ယွန်း၊ ဖြားခွန်ကျော်သူ၊ ဖြားခွန်အောင်သန်း၊ ဖြားခွန်ဟန်၊ ဖြားခွန်တွံဖါသိန်း၊ ဖြားခွန်ဖြူ၊ ကိုဌေးအောင်၊ ဖြားဝဏ္ဏတုတ်၊ ခွန်ရဲနောင်၊ ခွန်ရဲထွဋ်၊ ခွန်ထွန်းရီ၊ နားဘောင်ဈေးကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် ကိုသန်းထွန်းတို့ဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များ (၅၀)ကျော် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS